DREAM

618 40 3
                                    

Zawgyi.....

အတန်းချိန်နှစ်ချိန်ကြားအားနေတာကြောင့် သူငယ်ချင်းတွေက Canteen သွားကြသည်...

ကျွန်မကတော့ Tutorial နီးနေတာကြောင့် library သွားမယ်ဟုဆိုကာ စာအုပ်လေးပိုက်ပြီး တစ်ယောက်တည်းထွက်လာခဲ့သည်...

Library ရောက်တော့ ထောင့်တစ်နေရာလေးမှာဝင်ထိုင်ပြီး သင်္ချာပုစ္ဆာတွေတွက်ကာ ကျက်ရမယ့်စာတွေကိုကျက်နေလိုက်တယ်...

နာရီဝက်လောက်ကြာတော့ မျက်လုံးတွေကမှေးစင်းလာမိသည်...
မနေ့ညက မအိပ်ထားတာကြောင့်လည်း ပါမည်...

ကျွန်မ အိပ်ပျော်သွားလား မပျော်သွားလားတော့မသိ
အသံတစ်သံကြောင့် အသံလာရာကိုလှမ်းကြည့်လိုက်မိသည်...

"Library ထဲမှာစာမကြည့်ဘဲလာအိပ်နေတာလား"

အသံလာရာကိုကြည့်မိလိုက်တော့ ကျွန်မမျက်လုံးအစုံပြူးကျယ်သွားပြီး ခုနကအိပ်ချင်တာတွေတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်...

"ဟင်...Baek...Baekhyun shi...😳 "

"ဟုတ်တယ်လေ...ငါ Byun Baekhyun"

"Baekhyun shi ကဒီကိုဘယ်လိုလုပ်..."

"အဲဒါအရေးမကြီးပါဘူး...လာ...ငါနဲ့တစ်နေရာကိုလိုက်ခဲ့..."

"ဘယ်ကို..."

ကျွန်မစကားတောင်မဆုံးသေးခင် ကျွန်မရဲ့လက်ကို သူ့လက်သွယ်သွယ်လေးတွေနဲ့ဆွဲပြီးခေါ်သွားသည်....

စာကြည့်တိုက်က ကျွန်မရဲ့မှတ်စုစာအုပ်လေးကတော့ အထီးကျန်စွာကျန်ခဲ့လေပြီ...

Baekhyun နဲ့ကျွန်မစီးလာတဲ့ကားအမည်းလေးက တစ်နေရာရောက်တော့ ရပ်သွားသည်...

"ဒါဘယ်နေရာလဲဟင်..."

"ရောက်ရင် သိပါလိမ့်မယ်"

သူ့ရဲ့ဖယောင်းလက်သွယ်လေးက ကျွန်မရဲ့လက်ကို မလွှတ်တမ်းဆွဲပြီး ပန်းခြံဟုထင်ရတဲ့နေရာကို ဆွဲခေါ်လာသည်...

"ကဲ...ရောက်ပြီ"

ကြည့်လိုက်တော့ မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ကော်ဇောပန်းရောင်လေးခင်းထားပြီး စားစရာလေးတွေလည်း ရှိနေသည်...

"လာ..နေ့လည်စာမစားရသေးဘူးမလား...
လာ..ထိုင်...အတူတူစားရအောင်"

D R E A M (Completed)Where stories live. Discover now