2017➡➡2019
၂နှစ်ဆိုတဲ့အချိန်ကြာသွားတာတောင်
အဲ့နေ့လေးကိုလွမ်းနေတုန်းပဲ
အိမ်မက်လေးတစ်ခုကိုမက်ခွင့်ပေးခဲ့သလို
ပြည့်ဝအောင်လဲဖြည့်ဆည်းပေးခဲ့တဲ့နေ့
နေပူထဲမှာနေရာတစ်ခု အရိပ်တစ်ခုမှာ
စင်ပေါ် စင်အောက် အကွာဝေး တစ်ခုဆီ
ခြေစုံရပ်လို့ ဘာသာစကားမတူခြင်းကို
စင်ပေါ် စင်အောက် တစ်သားထဲပြောဆိုခဲ့တယ်ညနေပိုင်းမှာကွင်းထဲရောက်ဖို့
ချွေးစက်တွေကိုအဖော်ပြု လူတိုးလို့ဝင်ရောက်ခဲ့ရတယ်
တွေ့ဆုံဖို့တခြားအဖွဲ့တွေအလှည့်မှာရင်ခုန်မှုတွေ
စည်းချက်ကျလို့စောင့်နေမိတယ်
ထွက်လာပြန်တော့လဲစင်ပေါ် စင်အောက်အပေးယူမျှမျှ သီချင်းတွေကိုသီဆိုကြတယ်
စင်ပေါ်ကသူတို့ကလဲ ချွေးစက်တွေနဲ့အသက်ဝင်နေသလို
စင်အောက်ကကိုယ်တွေကလဲချွေးစက်တွေ မျက်ရည်တွေနဲ့ကခုန်ရင်း ချစ်ခြင်းအပြည့်မျက်ဝန်းတွေ နှလုံးသားတွေနဲ့စင်ပေါ်ကသူတို့ကိုမှတ်တမ်းတင်ရင်း လှပတဲ့ညလေးတစ်ညကAppaလို့ခံယူထားတဲ့ မြတ်နိုးရသောလူသားလေးရဲ့ Birthday Songကိုသံပြိုင်သီဆိုလို့အသက်ဝင်ခဲ့တယ်....ဘယ်တော့မှမမေ့တော့မယ့်နေ့လေး May 6လေးကိုရင်ထဲပိုက်ရင်း ကတိပေးခဲ့သလိုပြန်လာခဲ့မယ်ဆိုတဲ့စကားလေးကို နောင်နှစ်ဘယ်လိုနေ့ဘယ်လိုအချိန်မှာ ဘယ်လိုStageပုံစံမျိုးနဲ့ရောက်လာမလဲလို့မျှော်လင့်ရင်း....
❀Moe Lay❀
