မင်းကိုအပြင်မှာမြင်တွေ့ဖူးတာဒီနေ့2Yearsပြည့်ပြီ
မင်းကိုအပြင်မှာမြင်တွေ့နိုင်ဖို့မင်းတို့ရဲ့Concert
ပွဲတွေကိုကြည့်တိုင်းအဲ့Silver Oceanထဲမှာပါဝင်
နိုင်ဖို့ကိုယ်ဆုတောင်းတယ် One Dayဆိုပြီးအား
တင်းပြီးနေခဲ့တယ် 5.5.2017မှာမင်းတို့ကိုယ်နေ
ထိုင်တဲ့နိုင်ငံကိုလာပြီးကိုယ်တို့တူညီတဲ့ကောင်းကင်
ကြီးအောက်မှာအတူတူရှိနေပြီးတစ်လေထဲရှူ,တစ်မြေထဲနေ,တစ်ရေထဲသောက်ခဲ့ကြတယ်
ကိုယ်တစ်ညလုံးအိမ်မပျော်ခဲ့ဘူး မင်းတို့နဲ့တစ်နိုင်ထဲအတူတူရှိနေတယ်ဆိုတဲ့အတွေးကကိုယ့်ကိုရူးသွားစေနိုင်လောက်တဲ့အထိဖြစ်စေတယ်
6.5.2017မှာမင်းတို့Fansignပွဲကိုကိုယ်လာကြည့်တယ် မင်းတို့ကိုချစ်တဲ့သူတွေအများကြီးလာကြည့်ကြတယ် မင်းတို့ရဲ့သီချင်းတွေကိုအတူတူသီဆိုကြတယ်
Nature Republicကမင်းတို့ကြေငြာတဲ့videoဖွင့်တယ် အဲ့အချိန် Yodaကြီးကမင်းသမီးလေးကိုနမ်းတဲ့ပုံစံမျိုးလုပ်ပြတော့ JSရှေ့မှာကိုယ်တို့တွေအသံပါဝါကောင်းကောင်းနဲ့အော်ခဲ့ကြတယ် မင်းတို့ဆင်းပေါ်တက်လာတော့
မင်းတို့ကိုမြင်လိုက်တဲ့အချိန်ကိုယ့်ကမ္ဘာလေးခဏရပ်တန့်သွားသလို ကိုယ်စိတ်ထဲလဲမကောင်းဖြစ်မိသွားတယ် ကိုယ်တွေနိုင်ငံအရမ်းနေပူလွန်းတယ် မင်းတို့အတွက်အမိုးတောင်မလုပ်ပေးထားကြဘူး မင်းတို့လာမှအရမ်းပူနေလို့ကိုယ်တို့တွေအော်တော့မှအမိုးလုပ်ပေးတယ်
မင်းတို့ကိုအမိုးလုပ်ပေးမယ်ပြောတော့ကိုယ်တို့နဲ့အတူတူမင်းတို့လဲနေပူခံမယ်တဲ့ ဘယ်လောက်တောင်တန်ဖိုးရှိတဲ့အချိန်လေးလဲ မင်းတို့ရဲ့ခေါင်းဆောင်ပီသတဲ့သူကြီးကလေ ထီးဆောင်းပေးတာတောင် ခါအီလေးကိုထီးဆောင်းပေးတဲ့သူမရှိလို့ သူ့ကိုမဆောင်းခိုင်းပဲခါအီလေးကိုသွားဆောင်းခိုင်းတယ် ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့မင်းတို့ရဲ့ခေါင်းဆောင်ကောင်းကြီးကိုအရမ်းလေးစားမိသွားတယ်
နေတွေအရမ်းပူတာအပြုံးမပျက်ပဲပြုံးမြဲအတိုင်းပြုံးခဲ့ကြတယ် Chenကဒီကိုလာဖို့ကိုဒီမှာအရမ်းပူတယ်ကြားလို့ ၃လလောက်အခန်းအပူပေးစက်ကိုအမြင့်ဆုံးထားပြီးသူလေ့ကျင့်လာတယ်တဲ့ ကိုယ်တို့ကိုအဲ့လိုတန်ဖိုးထားပြီးချစ်ခင်ပေးတာသိရတော့တကယ်ကိုအရမ်းပျော်မိတယ်KFMပွဲမှာအထဲဝင်ဖို့လက်မှတ်စစ်တော့ကိုယ်တို့အရမ်းကိုပင်ပန်းခဲ့ရတယ် အထဲရောက်တော့လဲမင်းတို့သီချင်းတွေလိုက်ဆို Nature Republic ကကြောငြာvideoပြတော့လဲYodaကြီးကြောင့်အော်လိုက်ရသေးတယ်
ညနေပွဲကျတော့လဲတခြားသူတွေသီဆိုနေတဲ့အချိန်ကိုယ်တို့လဲအတူတူလိုက်သ်ီဆိုပြီး မင်းတို့သီဆိုမယ့်အချိန်ကိုစောင့်နေမိတယ်
မင်းတို့သီဆိုဖို့count downခေါ်တော့ရင်တွေခုန်လိုက်တာ မင်းတို့လဲဆင်းပေါ်မှာသီဆိုရော ကိုယ်တို့ငိုမိတယ် ကိုယ်တို့ရဲ့အိမ်မက်လေးကိုအပြင်မှာပါမက်ခွင့်ရခဲ့လို့လေ appa baekအတွက်birthday songကိုလဲအတူတူသီဆိုကြတယ် ကိုယ့်နိုင်ငံဘာသာစကားလေးနဲ့ကိုယ်တွေကြားချင်မိတဲ့စကားကိုလဲပြောသွားတယ် "မင်္ဂလာပါမြန်မာ" "တအားချစ်ပါတယ်" "စွန်းမိုက်ဒေ" တဲ့လေ
နောက်တစ်ခေါက်ထပ်လာမယ်လို့လဲကတိပေးသွားတယ်မင်းတိုသီဆိုချိန်လေးပြီးသွားတော့လဲWe Are Oneလို့ကိုယ်တို့ဆက်ပြီးအော်သေးတယ်
သူများနိုင်ငံတွေက Fan Chatပဲဆိုတာ ကိုယ်တို့နိုင်ငံကတပုဒ်လုံးလိုက်ဆိုကြတယ် ChanYeol Rapနေရာကလွဲလို့ပေါ့မင်းတို့လဲပွဲပြီးတော့ချက်ချင်းပြန်သွားကြတယ်
ကိုယ်တို့ကတော့အဲ့နေ့လေးကိုအရမ်းလွမ်းတယ်ကိုယ့်Phထဲမှာအဲ့နေ့ကတစ်ပုံမှမရိုက်ခဲ့ဘူးသိလား ကိုယ့်သူငယ်ချင်းလေးပဲရိုက်ခဲ့တယ် သူရိုက်လို့ရအောင်ကိုယ်ကူညီပေးခဲ့တယ် Phထဲမှာထားရင်ပျက်သွားမှာစိုးလို့အဲ့နေ့လေးရဲ့ပုံရိပ်တိုင်းကို နှလုံးသားထဲမှာပဲမှတ်ထားတယ်
❀Moe Lay❀