(Zawgyi)
"I do believe..... but in the end...."
Hua Xunyi(ChanHun HC)
_____________In The End______________
" EXO အဖွဲ့ဝင် Oh Sehun အသက် ၂၈ နှစ်သည် ယမန်နေ့ မေလ ၈ရက် ည၁၂နာရီခန့်တွင် ဖြစ်ပွားခဲ့သော EXO အဖွဲ့ဝင် Park Chanyeol အသက် ၃၀နှစ် သေဆုံးမှုနှင့် ၎င်း၏နေအိမ်မီးလောင်မှုမှာ မိမိကြောင့်ဖြစ်ကြောင်း ယနေ့ မေလ ၉ရက်နေ့ မနက်၇နာရီ Seoul Htay Wun ရဲစခန်းတွင် ၎င်းကိုယ်တိုင် ဝန်ခံခဲ့ပါတယ် ထို့ကြောင့် တရားခံဟု ယူဆသူ Oh Sehunအား Seoul Htel Gu တရားရုံးမှ စစ်ဆေးသွားမည်ဟု သတင်းရရှိပါတယ်ရှင် "
လက်ထဲမှ ကော်ဖီခွက်လေး လွတ်ကျသွားသည်....ကြမ်းပြင်ပေါ်ဖိတ်စင်သွားသည်ကို ဂရုမထားစွာ ကုတ်အင်္ကျီအရှည်ကိုဆွဲယူလို့ အိမ်ထဲမှ ပြေးထွက်ခဲ့သည်
ပြီးစလွယ်စည်းထားသော ဆံပင်ကိုပင် ပြင်မစည်းနိုင်...ဘယ်တစ်ဖက်ညာတစ်ဖက် ဖြစ်နေသည့် ဖိနပ်ကိုလဲ သတိမထားမိစွာ....
.မဖြစ်နိုင်ဘူး....မဖြစ်ရဘူး...
ထိုစကားကိုသာ အတွင်တွင် သုံးနှုန်းရင်း အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သည့်..ကားတစ်စီး.....
မြည်သောဖုန်းသံသည်ပင် စိတ်မရှည်ချင်စွာ..
.ဟုတ်ကဲ့ Hua Xunyi ပါ
.အမှုစစ်Hua အခုဘယ်ရောက်နေလဲ
တဖက်မှ အမျိုးသားသံကြားမှသာ content listကို ကြည့်မိတော့သည်
.ဟုတ်ကဲ့ အရာရှိKim ကျွန်မ အခု Htay Wun ရဲစခန်းဆီ လာနေပါတယ်
Htay Wun ရဲစခန်းဆိုသည်မှာ ကျွန်မ Hua Xunyi အလုပ်လုပ်သည့် Htel Gu တရားရုံး၏ လက်အောက်ခံနယ်မြေ ရဲစခန်း ဖြစ်သည်
ယနေ့သည် ကျွန်မ၏ နားရက်...
.ဒီနေ့ အမှုစစ် Hua နားရက်မဟုတ်လား
.အရာရှိ Kim ဘာကိုဆိုလိုချင်လဲ ကျွန်မသိပါတယ်...ကျွန်မရောက်မှပဲ ဆက်ပြောကြတာပေါ့
တဖက်တွင် တီခနဲ ပြတ်တောက်သွားပါလိမ့်မည်...
ကျွန်မ၏ ယခု အာရုံစိုက်မှုသည် ရဲစခန်းဆီအမြန်ရောက်ရန်နှင့် Oh Sehun ကိုတွေ့နိုင်ရန်ပင်.....
YOU ARE READING
In The E.N.D [ ChanHun ]
Fanfictionl do believe....but in the END.... CHANYEOL & SEHUN 🔥Homicide 🔥 @y Cover by @Al lukar