"မင်္ဂလာပါ။ RFUမှ ကြိုဆိုပါတယ်။ ဘာကို အလိုရှိပါသလဲ။" ဖော်ရွေပြူငှာသော အပြုံးနှင့် တာဝန်ကျေစွာ မေးလာသော ဧည့်ကြိုကောင်တာမှ ကောင်မလေးကို ကြည့်ပြီး Itsukiပြုံးမိသည်။ အသက် ၂၉နှစ်အရွယ် လူငယ်တစ်ယောက်၊ စီးပွားရေးလောကတွင် အောင်မြင်စပြုနေသူ Itsukiသည် ရင်ဖွင့်စရာလူဟူ၍ မယ်မယ်ရရမရှိ။ အယုံရဆုံး သူငယ်ချင်းတစ်ဖြစ်လဲ manager Hirotoရဲ့ အကြံပြုချက်ကြောင့် RACကို ရောက်လာခဲ့ခြင်းဖြစ်သည်။
RFUသည် အထီးကျန်နေသူများအတွက် မိသားစု၊ သူငယ်ချင်း၊ ချစ်သူများ ငှားရမ်းပေးသော နေရာဖြစ်သည်။ မိမိအလိုရှိသော typeကို ပြောလို့ ရသောကြောင့် အဆင်ပြေသည်ဟုလည်း နာမည်ရနေသည်။
အခု Itsukiသည် ချစ်သူတစ်ဦး ငှားရမ်းရန်ရောက်လာခြင်း ဖြစ်သည်။ဧည့်ကြိုကောင်တာတွင် စကားအချို့ ပြောပြီး ဧည့်ကြိုလေးက သူဖြည့်ရန် formတစ်ခုကို ပေးလိုက်သည်။
သာမန် အမည်၊ နေရပ် မေးခွန်းများ၏ အဆုံးရှိ မေးခွန်းတစ်ခုကြောင့် သူ အချိန်တစ်ချို့ကြာကြာ စဉ်းစားလိုက်ရသည်။
"သင် မည်သို့သော အဖော်ကို အလိုရှိသနည်း"
ဤမေးခွန်းက သူဘယ်တော့မှ စဉ်းစားထားခြင်း မရှိသောအရာ။ သူ့အတွက် အဖော်လုပ်ပေးသူကိုသာ အလိုရှိနေခြင်း ဖြစ်သည့်အတွက် ကွက်လပ်သာ ထားခဲ့မိသည်။ထိုနေ့က formဖြည့်၊ လိုအပ်သည်များ လုပ်ဆောင်ကာ အိမ်သို့ပြန်ပြီး အနားယူလိုက်သည်။
နောက်တစ်ရက် ညနေခင်းအချိန် သူMarketသို့ခဏ အသွားတွင် သူ့ဆီသို့ ဖုန်းဝင်လာခဲ့သည်။ သူကိုင်လိုက်တာနဲ့ ချိုသာသော အသံလေးကို ကြားလိုက်ရသည်။"Itsuki-chann, အိမ်မှာလည်း မရှိဘူး။ ဘယ်ရောက်နေတာလဲ။ Emicaက အခု suki-chanရဲ့ အိမ်ရှေ့မှာ အကြာကြီးစောင့်နေရတယ်နော်။"
သူ အသံကြားရုံနဲ့တင် ပြုံးမိသည်။ 'ကိုယ့်ကို ချစ်ပေးမယ့်သူ ရှိတဲ့ခံစားချက်က တကယ်ကောင်းလိုက်တာ' လို့ပင် သူတွေးမိသည်။"Emica ကိုယ် ခဏလေးနေရင် ပြန်ရောက်မှာပါ။ ပစ္စည်းတစ်ချို့သွားဝယ်တာပါ။ ခဏပဲစောင့်နော်။ မြန်မြန်ပြန်ခဲ့မှာပါ။" အိမ်မှာ စောင့်နေတဲ့သူရှိတယ်ဆိုတဲ့ အသိနဲ့တင် သူနွေးထွေးရသည်။ သူဝယ်စရာရှိတာတွေ အမြန်ဝယ်ပြီး အိမ်သို့ အသော့နှင်မိသည်။ အိမ်ရှေ့အရောက်တွင် ခုံလေးတွင် ထိုင်နေသော အဖြူရောင် အရိပ်ကလေးကို မြင်လိုက်သည်။ ဘေးဝန်းကျင်ကို ဂရုမစိုက်ပဲ သူမရှေ့က မြေပြင်ပေါ်ရှိ ချယ်ရီပန်းကြွေလေးတွေကို ငေးနေသည့် အဖြူရောင် အရိပ်လေးကို မြင်ရုံနဲ့ ထပ်ပြီး ပြုံးမိသည်။
YOU ARE READING
Rented Love
Short Story4နာရီစာ ငှားရမ်းခဲ့တဲ့ အယောင်ဆောင် ချစ်သူ တစ်ယောက်ကို ချစ်သွားမိတဲ့အခါ.... Cover By @Gustzy