ရက်တွေတစ်ဖြည်းဖြည်းပြောင်းလဲပြီး တစ်နှစ်တောင် ကြာသွားခဲ့သော်လည်း Itsuki ထိုကောင်မလေးကိုသာ သတိရနေမိသည်။ အဖြူရောင် အရိပ်လေးများ တွေ့မိရင် သူဖြစ်လေမလား စိတ်နှင့်လိုက်ကြည့်မိသည်။ Emicaဆိုတဲ့ နာမည်နဲ့ ကောင်မလေးကို သူတတ်နိုင်သလောက် လိုက်ရှာနေမိသည်။ သူ့ဘက်ကသာ ကမ္ဘာတွေပျက်ပြီး လိုက်ရှာနေရပေမယ့် ထိုကောင်မလေးကတော့ လူပေါ်လာဖို့ နေနေသာသာ ခပ်ဆင်ဆင် နာမည်လေးတောင် သူမကြားရ။
"Emica...ဘယ်ရောက်နေတာလဲ။ငါကသာ အရူးလို လိုက်ရှာနေရပေမယ့် သူက မှတ်မှ မှတ်မိပါ့မလား။" ဆန်းကြယ်လွန်းတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်ကို ပြန်ဆုံတွေ့အောင် လုပ်ပေးပါစေလို့ သူဆုတောင်းရုံမှလွဲ၍ သူဒီထက်ပို လုပ်ပေးနိုင်တာမရှိ။ဘယ်သူသိနိုင်မလဲ မိုးသည်းတဲ့ ညလေးမှာ သူတို့နှစ်ယောက်ပြန်တွေ့လိမ့်မယ်ဆိုတာ။
"Hiroto ဒီနေ့မိုးသည်းတယ်ဆိုတော့ မင်းလည်း ခဏနေရင် အလုပ်ဆင်းလိုက်ပါတော့။ ငါလည်း ပြန်တော့မယ်။" သာမန်မိုးသည်းသော ညလေးဖြစ်သော်လည်း ဒီနေ့မှ ထိုကောင်မလေးကို ပိုပြီး သတိရနေမိသည်။
'သူအပြင်ထွက်ရင်းသာ ဒီလိုမိုးတွေသည်းနေတာနဲ့နွေ့ရင်တော့ ဖျားကုန်ဦးမယ်။'ထိုကောင်မလေး အကြောင်းကို အလိုလိုတွေးမိသွားသောကြောင့် သူခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းလိုက်မိသည်။
"Itsuki...မင်းနေမကောင်းဘူးလား။" သူမူမမှန်တာကို သိသွားသည့်အလား သူငယ်ချင်းဖြစ်သူက မေးလာသည်။
"မဟုတ်ပါဘူး..ဒီတိုင်း စိတ်လွင့်သွားလို့။ ငါပြန်ပြီ။"
ဝန်မခံရဲသော Itsukiကတော့ မလိမ်ချင်ဘဲ လိမ်လိုက်ရသည်။"ဒီနေ့မှ ကားပိတ်လိုက်တာကွာ။" အရှေ့မှ ကားတန်းကြီးကို ကြည့်ကာ သူရေရွတ်မိသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ မိုးရေထဲမှာ ထီးမပါဘဲ ခပ်အေးအေး လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်။ Emicaနဲ့ တူနေတဲ့အတွက် သူဂရုစိုက်ကြည့်မိသည်။ သူကြည့်နေတုန်းတင် ထိုကောင်မလေး လဲကျသွားခဲ့သည်။ Emicaဟုတ်သည် မဟုတ်သည် မစဉ်းစားဘဲ သူအပြေးသွားမိသည်။ သူထင်တာ မှန်နေသည်။ Emicaသည် မိုးရေထဲ ထီးမပါဘဲ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။သူလည်း Emicaကိုပွေ့ပြီး ကားပေါ်တင်ကာ ဆေးရုံသို့ အမြန်မောင်းထွက်လာသည်။ သတ်မှတ်ထားသော အမြန်နှုန်းထက်ကို ပိုပြီး မောင်းမိ၍ ဒါဏ်ရိုက်ခံရလျှင်တောင် နောက်မှပဲ ဖြေရှင်းတော့မည်ဟုပဲ သူ တွေးလိုက်သည်။ 'Emica ဘာမှ မဖြစ်ရင်ကို အဆင်ပြေပါတယ်။'
YOU ARE READING
Rented Love
Short Story4နာရီစာ ငှားရမ်းခဲ့တဲ့ အယောင်ဆောင် ချစ်သူ တစ်ယောက်ကို ချစ်သွားမိတဲ့အခါ.... Cover By @Gustzy