part 3

33 3 1
                                        

Park chanyeol:

ကျွန်တော်က park groupရဲ့ တဦးတည်းသောသား လွတ်လွတ်လပ်လပ်နေရတာသဘောကျတယ်
Clib တက်ရတာကြိုက်တယ် မဒီလေးတေကိုကစားရတာနှစ်သက်တယ် ဒါမဲ့ သူတို့ကို အဖြူထည်လေးဘဲထားတယ် မယုတ်မာတက်ဘူး

ဒါမဲ့ဗျာကျွန်တော် အရမ်းမုန်းတာတစ်ခုက homoဗျ
ဒီလောက်လှပချောမောနေတဲ့ ကောင်မလေးတေရှိတဲ့ ခေတ်မှာ ယောကျာင်္းလေးချင်းကြိုက်ရတယ်လို့ဗျာ

အဲ့ထဲမှာ ဟိုကောင်လေး byun သူက ပိုဆိုးတယ်
ကျွန်တော် ဒီကျောင်းကိုပြောင်းလာတုန်းကများ မျက်စိကျွတ်ကျမတက်ကြောင်ကြည့်နေတာ အဲ့နေကစပြီး
ခုံအောင်ထဲ ကွတ်ကီးကိုမနက်တိုင်းလာထားရတာနဲ့
ညနေတိုင်းကားနားလေးရပ်စောင့်ပြီး ချစ်တယ် ချစ်တယ်နဲ့ အဲ့စကားဘဲထပ်ထပ်ပြော ပြီးမှ သူမှာစားဝင်အိပ်ပျော်နေသလိုနဲ့ လာပြောရသေးတယ်

အဲ့byunဆိုတဲ့ ဂျပုကိုတော့ မမုန်းပါဘူး လိုက်ကတ်နေတော့ စိတ်အနှောင်အယှက်ဖြစ်ယုံလောက်ပါ သေချာကြည့်ရင် ဖြူဖြူဖွေးဖွေး ပုပုလေးရယ်ပါ cute ဖြစ်ပါတယ်သူက

ဒီနေ့လည်း ကျွန်တော်နဲ့တွဲနေတဲ့ စော်တပွေက ခွာမရဖြစ်နေလို့ ဇွတ်ခွာခဲ့ရတာနဲ့ လူကစိတ်တေနှောက်ပြီး ဒေါသတေထွက်နေတာ

အိမ်ပြန်ရေချိုးပြီး Clubတက်ပြီး စိတ်အပန်းဖြေချင်နေပြီ  အဲ့ဒါကို ကားနားမှာ  ငုတ်တုတ်လေးထိုက်စောင့်နေတယ် သူနားရောက်လာရင် ပြောပါလိမ့်မယ်  ဘယ်လောက်ချစ်ကြောင်း ငါကဘဲ တနေ့သူ့သတို့သားလောင်း ဖြစ်မှာဖြစ်ကြောင်း ပြောပြီးလေကျောရှည်မှာ ဆိုးလို့
သူဘာမှမပြောခင်ကိုယ်ကဇွတ်ဟောက်လိုက်တာ

အဲ့ဒါကိုကောင်လေးက အချစ်အဓိပ္ပါယ်တေလာဖွင့်နေတာနဲ့ စိတ်ရှုပ်ပြီး စိတ်ထဲရှိတာတေကောမရှိတာတေကော လျှောက်ပြောပစ်လိုက်တယ် သေချာပြန်ကြည့်တော့မှကောင်လေးက မျက်ရည်တေဝဲနေတာဘဲ ဒါမဲ့
ကိုယ်နဲ့မဆိုင်ပါဘူး ကိုယ့်ရည်ရွယ်ချက်က အခုအဲ့ကောင်လေး မြန်မြန်ပြန်ဖို့ ဘဲ

ကောင်လေးကိုသေချာကြည့်တော့ မျက်နှာတခုလုံးလဲ နီရဲ လက်သီးစုပ်ထားပြီးမျက်လုံးကိုတည့်တည့်ကြည့်ပြီးငာ့သဘောကျ အကုန်ဖြစ်စေရမယ်တဲ့ ဟား ငါကတော့ပျော်တာပေါ့
ဒါနဲ့ သူကပြောသွားသေးတယ်
"ယောကျာင်္းချင်းချစ်တာ ရွံတယ်ဆိုတဲ့ စကားကြောင့်
ကျွန်တော် တနေ့ဝမ်းနည်းရပါစေနဲ့" တဲ့ ငါပြောတာ လွန်များသွားသလား
ကောင်လေးအဲ့လိုဖြစ်သွားတော့လည်း ကျွန်တော်
စိတ်တော့ သိပ်နေလို့မကောင်းဖြစ်သွားတယ်

Straight Dumbo CHANWhere stories live. Discover now