4

258 32 1
                                    

နောက်ပိုင်း ကျွန်တော့်၏ Schedule တွေထဲမှာ Park Chanyeol အတွက်သီးသန့်ဖယ်ထားတဲ့အချိန်တွေရှိလာသည်။ တနင်္ဂနွေနေ့ရောက်တိုင်း Chanyeol တို့အလုပ်ခန်းကို သွားပြီး သူတို့လေ့ကျင့်တာကိုသွားနားထောင်မျိုး ။သောကြာနေ့ညဘက်ကို Sehun တို့ဆိုင်မှာ စု သောက်တာမျိုး။ ဒီနေရာမှာ သူ့ Band  ထဲက လူတွေဖြစ်တဲ့ ခပ်အေးအေး Yi Xing လို့ခေါ်တဲ့ တရုတ်လေးရယ် Chen ဆိုတဲ့ ပေါ့ပေါ့ပါးပါးရယ်တတ်တဲ့တစ်ယောက်ရယ် သူတို့ Major King  JoonIn ရယ် အပြင် Sehun ပါ ပါတတ်သည်။ အစပိုင်းတုန်းက Hyung လို့ခေါ်တတ်တဲ့ ကောင်လေးဟာ နောက်ပိုင်းရောက်လာတဲ့အခါ Kris  လို့ပဲခေါ်တော့သည်။ သူ့သူငယ်ချင်းတွေအပါအဝင် ပေါ့။ ကျွန်တော်ကဒီနေရာမှာအကြီးဆုံးဖြစ်နေပေမယ့် ရင်ဘတ်ချင်းတူတယ်လို့ပြောရမလား ငယ်ပေါင်းများကဲ့သို့ ပေါင်းသင်းလို့အဆင်ပြေခဲ့သည်။

“Kris ရည်းစားမထားဖူးတာတော့ ငါမယုံချင်ဘူး”

မူးလာလျှင်အလွန်စကားများတတ်သော Chanyeol  သည် ထုံးစံမပျက် ယခုလည်းစကားပြောစပြုလာသည်။
ထုံးစံအတိုင်းသောကြာနေ့ ညနေခင်း မှာ စုသောက်နေခြင်းဖြစ်ပြီး ပိုလာတာတစ်ခုကChen နဲ့အတူ အသားကင်နေသည့် JoonIn ရဲ့  ကောင်လေး Kyaung soo ပင်။

“မင်းတို့ပဲစဉ်းစားကြည့်ကြကွာ ငါ့လို တက္ကသိုလ် ကျောင်းသားလေးမှာတောင်ရှိတာ သူ့လို  တစ်ချိန်က  Bejian တက္ကသိုလ်ရဲ့  King  ခုချိန်မှာ ကိုယ်ပိုင် Decoration လုပ်ငန်း လုပ်နေတဲ့ လူက တစ်ခါမှာရည်းစားမထားဘူးတဲ့ Single  ဆိုတာ ဘယ်လိုယုံရမှာလဲ ”

သူပြောတဲ့စကားကို Yi Xing ကခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေပါသော်လည်း ကြားဟန်မတူ။ JoonIn ကတော့ မကြာခင် အိပ်ပျော်တော့မည့်အနေအထားမှာရှိသည်။ မူးလာလျှင်ငြိမ်နေတတ်သော Sehun ကတော့လမ်းဘက်ကိုငေးကာ မီးလင်းနေသော လမ်းမီးတိုင်ကိုစိုက်ကြည့်နေသည်။

“တကယ်ပြောတာ Chanyeol ရ”

သူ့စကားကိုပြန်မပြောလျှင် မကြာခင်ဒေါသ ထွက်လာတော့မည့် Chanyeol အကြောင်းကိုသိသောကြောင့် ကျွန်တော့်မှာစကားပြောပေးရသည်။

“ဟုတ်လို့လား လိမ်နေတာမလား ”

ပါးနှစ်ဖက်သာမက နားရွက်ကလေးများပါရဲတွတ်နေသော Chanyeol သည် Puppy ပေါက်ကဲ့သို့ချစ်စရာကောင်းလွန်းသည်။

Friend ZoneWhere stories live. Discover now