sunbae-12

2.4K 359 18
                                    

ZAWGYI version

"ယွန်းဂီ...ငါ့ကိုမင်းဖုန်းခဏပေး"

ကားမှန်အပြင်ဖက်မှချယ်ရီပင်ကြီးအားငေးနေမိတုန်းရုတ်တရက်နောက်လှည့်ကာဖုန်းတောင်းလာသောဆော့ဂျင်ကြောင့်သူ့မှာအကြောင်သားနဲ့ဆော့ဂျင်အားကြည့်နေမိသည်။

"ငါ့ကိုပြူးကြည့်မနေနဲ့..မင်းဖုန်းကိုသာပေး"

"ဪ...အေး..အေး"

သူ့အားခပ်မာမာပြောလာသောဆော့ဂျင်၏စကားသံကြောင့်လက်ထဲတွင်ကိုင်ထားသောဖုန်းကိုဆော့ဂျင်ဆီသို့ကမ်းပေးမိသည်။ သူ့လက်ထဲမှဖုန်းအားဇက်ခနဲဆွဲယူကာဆော့ဂျင်ကအရှေ့ကိုပြန်လှည့်သွားသည်။ တစ်ခါတစ်ခါဆော့ဂျင်သည်သူ့ဖုန်းအားကလိနေရင်းမှဘေးနားကဟိုဆော့နဲ့လည်းခေါင်းချင်းပူးပြီးတခိခိရီနေသေး၏။

ရှေ့မှနှစ်ကောင်အားကြည့်နေရင်းမှနှစ်ယောက်အတူပူးမိရင်မလွယ်ဘူးဟူသောအတွေးကိုတွေးမိတော့သူဖြည်းညှင်းစွာခေါင်းသာခါမိလိုက်သည်။ တကယ်လည်း..ထိုနှစ်ကောင်ပူးသွားပါကမလွယ်မှန်းသူကိုယ်တွေ့ပင်ဖြစ်၏။

ကားစက်နှိုးသံနှင့်အတူဖြည်းညှင်းစွာရွေ့လျားလာသောသူတို့စီးနင်းသည့်ကျောင်းကားငယ်ဟာဂျယ်ဂျူးမှဆိုးလ်သို့သွားသည်လမ်းပေါ်မှာ။ သုံးရက်တာပြီးဆုံးသွားသည့်ခရီးစဉ်နောက်သူတို့နေထိုင်ကြရာဆိုးလ်သို့ပြန်ကြရပြီ။ ထိုသုံးရက်အတွင်းsunbaeနဲ့သူ၏ဆက်ဆံရေးသည်တိုးတက်လာသည်လည်းမဟုတ်သလိုမတိုးတက်လာသည်လည်းမဟုတ်ခဲ့။

သူတို့သူငယ်ချင်းသုံးယောက်နှင့်sunbae၏သူငယ်ချင်းတို့သာရှိသောအချိန်တွင်တော့sunbaeဟာသူအားဂရုစိုက်သည်မှာပြန်တောင်မေးယူစရာမလိုအမှန်ပင်။ sunbaeတို့သုံးယောက်အားနှုတ်ဆက်ကာဟိုတယ်လ်သို့ပြန်ရောက်သည်နှင့်ဆော့ဂျင်နဲ့ဟိုဆော့က'မင်းsunbaeကမင်းကိုဂရုစိုက်တာအမြင်ကပ်စရာ ပိုကိုပိုတယ်'ဟုပြန်ပြောကြသည်အထိ။ သို့သော်..အခြားကျောင်းသားတို့နှင့်အုပ်စုလိုက်သွားကြသည့် အချိန်၌sunbaeကသူ့အားတစ်ခါမျှမသိခဲ့ဖူးသောသူစိမ်းတစ်ယောက်ပမာဆက်ဆံ၏။ ထိုကဲ့သို့သောအချိန်မျိုး၌တော့sunbaeကသူ့အားဂရုစိုက်ဖို့မဆိုထားနှင့်။ sunbae၏လက်ဖဝါးနုနုတို့သည်သူ့ဆံပင်တို့ထပ်မခစားသလို..မြတ်နိုးရသောအကြည့်တို့သည်လည်းသူ့ထံသို့ယောင်လို့တောင်ရောက်မလာခဲ့ပါ။ ထိပ်တိုက်ဆုံမိရန်တောင်မသိသလိုရှောင်.ရှောင်သွားတတ်သေးသည်။

ꜱᴜɴʙᴀᴇ / ᴄ /Where stories live. Discover now