🌸

21 0 0
                                    

ကိုယ်​ယုံတယ်​

ပန်းက​လေးကို ကိုယ်​ယုံတယ်​~

ကိုယ်​မှလွဲပြီး တခြားဘယ်​သူ့မှကို မကြည့်တာ
ကိုယ်​ယုံပါတယ်​...
ဒါ​ပေမယ့် တစ်​ချို့ကိစ္စ​တွေကို ဟင့်အင်း ဆိုပြီး
လုပ်​လို့မရဘူး​လေ...
အချိန်​တန်​ရင်​ ထိုသူနဲ့​တွေ့ရမယ့် ကံအ​ကြောင်းတရားပါလာရင်​ မျက်​စိစုံမှိတ်​ပြီး ​ခေါင်းခါ​နေလို့မှမရတာ ပန်းလေးရယ်​...

ထိုသူနဲ့​တွေ့ရင်​ ​ပျော်​ရွှင်​စွာ​နေပါ... ​ပျော်​ရွှင်​တဲ့ကမ္ဘာကိုဖန်​တီးပါ...
ကိုယ်​ရှိ​နေရင်​ပြီးပြီ ​ပျော်​ရွှင်​တယ်​ဆိုတဲ့
နိယာမကို ဖယ်​ရှားပါ ပန်းလေး...
ကိုယ်​က ဘယ်​​လောက်​မှ ပန်းလေးကို ​ပျော်​ရွှင်​မှု​ပေးနိုင်​မှာမို့လို့လဲ။

ကိုယ်​တခြားမိန်းက​လေးတစ်​​ယောက်​ကို ယုယကြင်​နာ​နေ​ချိန် ပန်းလေးရဲ့ မျက်​နှာထက်​မှ မျက်​ဝန်းရိပ်​ထဲမှာ မျက်​ရည်​​တွေ ​ဝေ့သီပြီး အဆင်​​ပြေပါတယ်​လို့ ရူးမိုက်​စွာ ယုံမှားသဏ္ဍန်​ကို ကိုယ်​မကြည့်ရက်​ဘူး။ ပန်းလေး​ဘေးမှာ ​ဖေးမရပ်​တည်​ ကာကွယ်​​ပေးမယ့်သူမျိုးကိုဘဲ ကိုယ်​လိုချင်​တာ။

ပန်းလေးသာ ထိုသူနဲ့​တွေ့ပြီး ကိုယ့်ကို​မေ့သွားမယ်​ ဆိုတဲ့အ​တွေးမျိုးမ​တွေးပါနဲ့ ပန်းလေးရယ်​... ကိုယ်​​ပျော်​ပါတယ်​ ပန်းလေးရဲ့ငယ်​ရွယ်​စဉ်​ဘဝ တစ်​စိတ်​တစ်​​ဒေသကို ကိုယ်​အတွက်​အချိန်​​ပေးခဲ့တယ်​။ ကိုယ်​​ပျော်​ပါတယ်​...

SILENCEWhere stories live. Discover now