ကိုယ်နဲ့ ပန်းလေးရဲ့ ကံကြမ္မာကို ပန်းလေးဘယ်လိုမြင်သလဲ ကိုယ်မသိဘူး သိလည်းမသိချင်ဘူး ပန်းလေး။ ပန်းလေးတွေးတွေးစစလေးနဲ့ ကိုယ်နဲ့တွေ့ရမယ့် အနာဂတ်ကို ပြောနေမယ်ဆိုတာ ကိုယ်သိပြီးသားမို့လို့။
ပန်းလေးရေ ကိုယ့်စကားနားထောင်ရင် သိပ်ကောင်းမှာဘဲ။ ပန်းလေးရဲ့ ဘဝသက်တမ်း တစ်ဝက်ကို ကိုယ်နဲ့ အတူ ဖြတ်သန်းခဲ့ပြီလေ ကျန်တဲ့ တစ်ဝက်ကို ဘာလို့ ကိုယ်နဲ့ဘဲ ဆက်ရှိချင်နေရတာလဲ ပန်းလေးရယ်...
ကိုယ်နဲ့မတွေ့ဆုံရသေးဘူး ဆိုတာ မပြောနဲ့တော့လေ ကိုယ်က ပန်းလေးနဲ့အဝေးလှမ်းရာကို ပြေးသွားသူမှမဟုတ်ဘဲ။ ကိုယ်ရှိနေကြနေရာ တစ်နေရာထဲမှာဘဲ ကိုယ်ရှိနေတယ်လေ။ ပန်းလေးအချိန်မရွေးလှမ်းလာခဲ့လို့ရတယ်။ ကိုယ်ပန်းလေးကိုကြိုဆိုနေတယ်... ဒါပေမယ့် ခြားထားတဲ့ စည်းကိုတော့ ဖြတ်မကျော်လာပါနဲ့နော် ပန်းလေး... ကိုယ်တွေက မဖြစ်နိုင်တာ ပန်းကလေးဘဲအသိဆုံး... ခေါင်းမမာချင်စမ်းနဲ့ ကိုယ်ပြောတဲ့စကားကိုနားထောင်ပါ ပန်းလေး။
ပန်းလေး ကို တကယ်မြတ်နိုးတန်ဖိုးထာတဲ့သူနဲ့ ပျော်နေတာ ကိုယ်မြင်ချင်တယ်လေ။ ကိုယ့်တို့ရဲ့ ကံကြမ္မာကို လက်ခံလိုက်ပါ ပန်းလေးရယ်... ကိုယ့်ရဲ့ပန်းကလေးက လိမ္မာတယ် ဆိုတာ ကိုယ်သိပါတယ်။
![](https://img.wattpad.com/cover/167624108-288-k354599.jpg)
YOU ARE READING
SILENCE
Non-FictionYou'll never see this words to you, my love. I kept this words with a SILENCE inside my heart.