a few days later
Win Win's POV
ကျူရှင်ရဲ့တိုက်အောက် အဝင်ပေါက်လေးမှာကျွန်တော် ဖိုင်တစ်ခုပိုက်ထားရင်း Kun ကိုစောင့်နေမိတယ်
ဒိနေ့ကျူရှင်ပြေးတဲ့ကိုယ်တော်ကကျွန်တော့်ကိုတော့လာခေါ်မယ်လို့ပြောခဲ့တယ်
Kun ကကျွန်တော့်ထက်အပျင်းကြီးသူဖြစ်တယ်
ကျောင်းတက်ဖို့ ၊ ကျူရှင်တက်ဖို့တွေဆိုရင်သူကအရမ်းပျင်းတတ်ပြီး စာမေးပွဲနီးမှအဆောင်ထဲအောင်းပြီး ကျွန်တော့်ဆီကနေ စာရွက်တွေငှားကြည့် ၊ ကျွန်တော်ရှင်းပြတဲ့ပုစ္ဆာတွေကိုအားကိုးပြီး စာမေးပွဲခန်းထဲဝင်တတ်သူဖြစ်တယ်မိုးတွင်းဝင်ခါစမို့မိုးကအခ်ျန်မရွေးရွာနိုင်တာကိုအကြောင်းပြပြီးဒ ခဏခဏအတန်းရော ကျူရှင်ရောလစ်နေတာဖြစ်တယ်။ သူဆိုသည်မှာလည်း မိုးရေစိုရမှာသိပ်မုန်းတဲ့သူကလည်းဖြစ်တာကိုးး
ကျူရှင်ပြေးသူဖြစ်တဲ့အတွက်ကျွန်တော့်ကိုလာကြိုရင်တောင်ကျူရှင်လွှတ်ပြီး မိနစ်အတော်ကြာမှလာကြိုမယ့်သဘောမှရှိတယ် ကျူရှင်ပြေးမို့လို့ဘယ်သူ့အတွေ့မှမခံနိုင်တာကိုကျွန်တော်နားလည်ပါတယ်
ဒါပေမယ့်...
ကျွန်တော်စိတ်ထဲကနေ ဒါပေမယ့်လို့တွေးလိုက်တဲ့အချိန်ဟာ အတော်လေးကို နားလည်မှုအတိုင်းအတာထက်လွန်သွားနိုင်တဲ့အပြုပမူတွေကိုသူပြုမူနေလို့ဖြစ်တယ်
ကျူရှင်ဆင်းတာ ည ၇ နာရီ
အခုကဖြင့် ၇:၄၅ ရှိနေပြီမိနစ်အနည်းငယ်ဆိုတာဒိလောက်ထိတော့ ကွာဟသွားစေတာကိုပြောတာမဟုတ်ဘူးထင်တယ်
ကျွန်တော်စိတ်ထဲကနေ ဒါပေမယ့်လို့ သူ့အပေါ်တွေးလိုက်မိတာကျွန်တော်မလွန်ဘူးထင်တာပဲ
ကျွန်တော်ဖိုင်ကိုင်ထားရင်းနဲ့ပဲ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်လိုက်ပြီး
"တီ ~~~~~ တီ~~~~"
ဖုန်းကမကိုင်။
ဖုန်းတောင်မကိုင်တာ စာတိုပို့ထားရင်တွေ့ဖို့ဆိုတာဝေးသေး။ ကျွန်တော်စိတ်မရှည်စွာနဲ့ဖုန်းကိုဆက်မခေါ်တော့ဘဲ တိုက်ရဲ့လှေကားထဲကနေထွက်လာခဲ့တယ်
YOU ARE READING
Limitless Love
FanfictionYuta:::::::::လိမ်ခဲ့တာမဟူတ်ဘူး။ ဘယ်လိုမှ သူလက်ခံနားလည်ပေးလို့မရတဲ့အတိတ်တစ်ခုကို သူကျနော့်အနားကထွက်သွားမှာစိုးလို့ဖုံးကွယ်ခဲ့တာ... Win Win::::::::အစကတည်းကမုသားတွေရောယှက်နေတဲ့အချစ်ရေးကိုနောက်ကျောကိုဓားနဲ့ထိုးတယ်လို့မပြောချင်ဘူး .... By Mhuu (မှူး)