Ep 1

4.4K 205 8
                                    

Unicode

ငါ နင့်ကိုသဘောကျလာတာ ၃နှစ်ရှိပြီ စတွေ့တည်းကကြိုက်လာတာ နင်ကော ငါ့ကိုသဘောကျလားဟင် ။ တကယ်လို့ငါ့ကိုသဘောကျတယ်ဆိုရင်တွဲကြည့်ရအောင်လေ နော် ~~~~

ထိုသို့ဆိုလိုက်ပြီး တဖက်လူဆီမှတုံ့ပြန်တာကို မျော်လင့်တအားမော့ကြည့်လိုက်ပေမဲ့ မျက်နှာကရှုပ်ထွေးနေတဲ့အမူအရာအပြင် ထွက်ကျလာတဲ့
" ငါက နင့်ကိုသူငယ်ချင်းလိုပဲ ခင်တာပါ " ဆိုတဲ့စကားအဆုံး နှင်းပွင့်လွှာ ရှက်လွန်းတာနဲ့ ရပါတယ် ဆိုတဲ့တခွန်းသာပြောပီး လှည့်ပြေးလာခဲ့တယ် ။ တဖက်ခြမ်းကိုဖြတ်အကူး အိပ်ငိုက်လာတဲ့ ကုန်တင်ကားမောင်းသမားက ကွေ့အရှောင် အရှိန်မထိန်းနိုင်ပဲမှောက်သွားခဲ့တယ် ကြောင်ကြည့်နေတဲ့ ပွင့်လွှာလဲနောက်တွဲယာဥ် နဲ့တိုက်ပြီး လဲကျသတိလစ်သွားတယ် ။ အသိမပျောက်ခင် နောက်ဆုံးကြားယောင်မိတာ ငါကနင့်ကိုသူငယ်ချင်းလိုပဲခင်တာပါ ဆိုတဲ့စကားသံပဲ ။ ထိုစကားအသံအဆုံး အမြင်အာရုံကိုအမှောင်ထု ဖုံးလွှမ်းပြီး " သူငယ်ချင်းကိုဆွဲဆောင်မယ်" စနစ်ကိုစတင်အသက်သွင်းပါတော့မယ် ကူးပြောင်းမှုစတင်ပါပြီ ဆိုတဲ့စက်ရုံသံပေါ်လာပီး လုံး၀ကိုသတိလစ်သွားခဲ့တယ် ။

အ့ ငါသေသွားပြီများလား မဟုတ်ရင်ဘာလို့ ဒီနေရာကဖြူဖွေးလွန်းနေတာလဲ..?

HELLO !!!  မဂ်လာပါ host ​ရေ  System 51 ပါ ။

ဟမ် ဒါကြီးကတကယ်ကြီးလား ငါတကယ်သေသွားပြီလား။ ဖတ်နေကျ system fic တွေလိုမျိုး ကူးပြောင်းလာခဲ့တာလား ။ ဟီး ငါက ဗီလိန်တော့မဟုတ်လောက်ပါဘူးနော် ။ အိုင်းယား အမြောက်စာ ဘ၀နဲ့မသေရဖို့ကအဓိကပဲ ဗီလိန်ဆိုရင်တောင် ML နဲ့ဖလစ်ပီး ကြာပန်းဖြူ လေးဖြစ်နိုင်သေးတယ် ။

" အဟမ်း Host တွေးနေတာ မှန်ပါတယ်  ။  Host ကအမြှောက်စာ ဇာတ်ကောင် ခြေနင်းတုံး ဖြစ်လာမှာပါ ။ ဇာတ်ကြောင်းလက်ခံပေးပါ Host " 

စက်ရုပ်သံ တချက်ကြားပီး ပွင့်လွာလဲ အမှောင်ကမ္ဘာထဲ တခါက်အလည်ပြန်ရောက်သွားတယ်
ပြန်နိုးလာတဲ့အချိန် သူ့ကိုယ်သူ မရင်းနှီးတဲ့ပတ်၀န်းကျင်ကိုရောက်နေမှန်း သတိရသွားတယ် ။

You've reached the end of published parts.

⏰ Last updated: Apr 15, 2022 ⏰

Add this story to your Library to get notified about new parts!

ငါ​လေး အတွက်ရှင်သန်​ပေး (  ငါလေး အတွက်ရှင်သန်​ပေး )Where stories live. Discover now