ကောင်းကင်တစ်ခုလုံး မိုးသားတိမ်တိုက် တို့က ဖြူစင်ခြင်း
ကင်းစွာ အုံအုံစိုင်းစိုင်း ဖြစ်နေတော့သည်။ မြေသင်းနံနဲ့ အတူ
တိုက်ခတ်လာသော လေပြေ လေညှင်းထဲတွင် ရေစက်မှုန်
လေးများပါ မသိမသာ တိုးဝင်နေတော့သည်။ မကြာခင် မိုးရွာ
တော့မည်။ ထိုအချိန်တွင် မင်းခန့်ဇေ တစ်ယောက်
ဒီတခါတော့ မိုးမရွာပါစေနဲ့ဦးဟု ပထမဆုံး အကြိမ် ဆုတောင်းရင်း အိမ်ကိုအမြန် လမ်းလျှောက်လာတော့သည်။ရန်ကုန်လို နေပူပူ မီးပျက်ပျက်မှာ မိုးလေးတစ်ဖြောက်နှစ်
ဖြောက် လောက်ရွာရင်ကို အပူသက်သာလှပြီ။မင်းခန့်ဇေ
ကိုယ်တိုင်လဲ မိုးရာသီကို တော်တော်လေး သဘောကျသည်။
ငယ်ငယ်တုန်းက မိုးရွာပြီဆို မိုးရေ ထွက်ထွက်ချိုးလို့ ဆေးခန်းရောက်ရသည့် အကြိမ်ပေါင်းလဲ မနည်း။ အခုလို
အသက်က ၁၉ ကျော် ၂၀ ရောက်လာတော့လည်း မိုးရွာရင်
အခန်းအောင်းပြီး စာဖတ်ရတာကလည်း နိဗ္ဗာန်ဘုံလို ဖြစ်နေ
တာကြောင့် မင်းခန့်ဇေ မိုးရွာတာကို တခါမှ မရွာပါစေနဲ့လို့
မဆုတောင်းမိပါ ။ဒီတခါတော့ ဆုတောင်းမိသည်။ ဘာကြောင့်လဲဆိုတော့
တဘက်ခါတင်ရမဲ့ Assignment ကို အခုမှ မိတ္တူဆိုင်
ကယူလာတာကြောင့်ဖြစ်သည်။ မိုးရေ စိုရင် နောက်တခါ
ပြန် print ထုတ်နေရမှာကြောင့်ရယ်၊ ထီးမပါလာတာ
ကြောင့် memory stick ရေစို ဆိုးတာရယ်ကြောင့်
မင်းခန့်ဇေ အိမ်ကို အပြေးတပိုင်း ပြန်နေရတော့သည်။သို့သော် ဒီတခေါက် သူ့ဆုတောင်း မပြည့်ခဲ့။ အိမ်ကိုပြန်
နေတဲ့ လမ်းမှာ သူ့အပေါ် မိုးစက်လေးတွေ တပေါက် ပေါက်
ကျလာတော့သည်။ ဒီအချိန် မင်းခန့်ဇေ အနေနဲ့ stick ကို
ဘဲ ရေမ၀င်အောင် လုပ်မလား ဒါမှမဟုတ် assignment စာရွက်တွေဘဲ ရေမစိုအောင်လုပ်ရမလား။ အိမ်ကလဲ ခပ်စိပ်
စိပ်လိုနေသေးတာကြောင့် ဆိုင်တဆိုင်ဝင်ထိုင်တာဘဲ ကောင်း
တယ်ဆိုပြီး အနီးအနား မှာလဲ ဆိုင်ဆိုလဲ ရပ်ကွက်ထဲက
နာမည်ကြီး ဦးအညားသား ဆိုင်နဲ့ နီးနေတာကြောင့်
" အညာသား "လက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်လိုက်တော့ သည်။ဆိုင်ထဲရောက်တော့ ဘ၀အဆက်ဆက် ကတ်လာတဲ့ အမြင်
တွေစုနေတဲ့ ကျော်စွာ ကိုတွေ့လိုက်တော့ ဆိုင်ထဲကတောင်
ပြန်ထွက်ချင်သွားတော့သည်။ ကျော်စွာကတော့ သူ့ကို
တချက်ကြည့်ပြီး သောက်လက်စ လက်ဖက်ရည်ဆို ပုံစံမပျက်
ဆက်သောက်နေတော့သည်။