"အထဲကို ဝင်လို့မရပါဘူး....
ကျွန်မ ဖုန်းဆက်ပေး...."ဒုန်း!!!!!
မရတော့။
တားနေတဲ့ကြားကကို
အခန်းထဲသို့ လှစ်ကနဲ ဝင်သွားခဲ့ပြီ။"ဦးလေးကြီး။"
တံခါးဖွင့်သံနဲ့အတူ စူးကနဲခေါ်သံကြောင့်
ဖုန်းပြောရတာ အဆက်တောင်ပြတ်သွားသည်။"နောက်မှ ပြန်ဆက်မယ်။"
ဖုန်းခွက်ကိုချကာ ကျောပိုးအိတ်အပြာလွယ်ထားပြီး
ဆောင့်ကြွားကြွားရပ်နေသူကို လှမ်းကြည့်မိသည်။"ဘာလာလုပ်တာလဲ။"
ထုံးစံအတိုင်းခပ်မာမာမေးခွန်းထုတ်လည်း
တစ်ဖက်က မှုပုံမပေါ်။
ဆိုဖာခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ဒီလိုသာ ဆက်တိုက်လာနေရင်တော့
တံခါးအကောင်းစားလည်း သူ့လက်ချက်နဲ့
တစ်စစီဖြစ်မယ့်ပုံပါပဲ။"ဦးလေးကြီးနဲ့ပြန်လိုက်မလို့လေ။"
ပီကေကိုထုတ်သည်။
အခွံကို စားပွဲပေါ်တင်ပြီး ပီကေကိုသာ
တမြုံ့မြုံ့ဝါးလေတော့သည်။"မလိုက်နဲ့ ....
မင်းအိမ်က ကားနဲ့ မင်းဘာသာပြန်"နှင်လို့မရမှန်းသိပေမယ့်လည်း
အလုပ်ရှုပ်ဟန်တမင်ပြပြီး
ခပ်တင်းတင်းပြောလိုက်သည်။"မပြန်ချင်ဘူး။ဦးလေးကြီးမောင်းတဲ့ကားပဲ စီးမှာ။"
ပြန်အော်တာလည်း နားထဲ စူးကနဲ။
အဲ့ဒါတွေကြောင့် သူလေးကို
ူကိုယ်မျက်နှာသာမပေးချင်တာဖြစ်သည်။"ငါက မင်း ဒါရိုက်ဘာလား။"
laptop ကြည့်ရာကနေ
မျက်လုံးတစ်ချက်လှန်ကြည့်ကာ
ပြောချလိုက်တာတောင် တစ်ဖက်က ဟဲကနဲ။"ဒါရိုက်ဘာမဟုတ်ဘူး။
ခင်ပွန်းလောင်း။"Ziyi မှာ စိတ်ပျက်လက်ပျက်နဲ့သာ
မောင်မင်းကြီးသား Cai Xu Kun ကို
ကြည့်မိပါတော့သည်။

ВЫ ЧИТАЕТЕ
Spring(စပရင်)
Фанфикဖိလေ ကန်တက်လေ..... ရုန်းပြန် ဂုဏ်သတ္တိနဲ့ ကောင်လေး..... //mpreg//