အရင်က ဖျက်ဖျက်လတ်လတ်နဲ့
လျှပ်စီးလိုက်သလို တက်ကြွတဲ့ XuKun က
အခုတော့ ငြိမ်နေပါတယ်။အိပ်ယာထဲမှာ ခွေခွေလေးလှဲပြီး ငြိမ်နေတာ
တစ်ရက်ပြည့်လုနီးပါးပဲ။တိတိကျကျ ပြောရရင် မနေ့ညတည်းကနေ
ဒီနေ့ ညနေအထိပါပဲ။ဖုန်းလေးကို ဖွင့်သည့်အခါ
အပြင်သွားဖို့ခေါ်တဲ့ Zhengting တို့ဆီက
စာတိုတွေလက်ခံရရှိပေမယ့်
စိတ်တွေ လန်းမလာပါဘူး။Gallery မှာ ဆေ့ထားသည့် ပုံလေးကို
ဆွဲယူကြည့်ကာ Xukun နှလုံးသားလေးတွေ
နာကျင်လာသည်ဟုတောင် ထင်ရသည်။ဖုန်းကို မွေ့ယာပေါ် ပစ်လှိမ့်လိုက်ပြီး
လူကလဲ မှောက်ယက်လှဲကာ
ခေါင်းအုံးထက်မှာ မျက်နှာအပ်၍
အော်လိုက်မိပါသည်။"လိုချင်တယ်....လိုချင်တယ်.....
အဲ့စက်ရုပ်ကိုလိုချင်တယ်။"မနေ့ညက online ပေါ်တင်ထားတဲ့
စက်ရူပ်ကို Xukun လိုချင်နေတာဖြစ်သည်။လွန်ခဲ့တဲ့ တစ်ပတ်ကလည်း
မေမေက ဖုန်းသစ်ဝယ်ပေးထားတာမလို့
စက်ရုပ်ကို ထပ်ပူဆာရင် Xukun ခမျာ
အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရလိမ့်မည်။ဒီလိုဆိုလို့ နေစရာရှိမယ်လည်း မထင်မှတ်နဲ့။
သူအားကိုးချင်သည့် ဦးလေးကြီးက
ပိုဆိုးလိမ့်မည်။ညကတည်းက ဈေးသွားမေးလိုက်သည့်
Xukun ခမျာ
page က ပြန်ပြောတဲ့ ဈေးနှုန်းလဲ သိရရော
Comment ကိုတောင် reply မပြန်နိုင်ခဲ့ဘူး။ဈေးက Xukun ရဲ့
တစ်နှစ်ပတ်လုံးမုန့်ဖိုးနဲ့ပင် ညီမျှနေသည်ျလ။"အားးး လိုချင်တယ်...လိုချင်တယ်လို့။
ထီပေါက်ရင် ကောင်းမယ်။"မထိုးထားတဲ့ ထီကိုပါ ထပေါက်ချင်နေတဲ့
Xukun ပဲ ဖြစ်ပါတယ်။၁နှစ်လုံး မုန့်ဖိုးစုရင်တောင်
ဝယ်ဖို့မှီမှာမဟုတ်ဘူး။
ခုတောင်
ဘယ်သူတွေ ဝယ်သွားပြီလဲ မသိဘူး။

YOU ARE READING
Spring(စပရင်)
Fanfictionဖိလေ ကန်တက်လေ..... ရုန်းပြန် ဂုဏ်သတ္တိနဲ့ ကောင်လေး..... //mpreg//