HDS 67Star Record ပင်လယ်ရေသတ္တဝါ ကယ်ဆယ်ရေးအေဂျင်စီ အဆောက်ဦးကို လေယာဉ်ဝင်တိုက်မိတဲ့ ဖြစ်စဉ်က အင်တာနက်ပေါ် ပြန့်နှံ့သွားခဲ့သည်။ အကြောင်းရင်းက လေယာဉ် မတော်တဆမှုကြောင့် မဟုတ်ခဲ့သလို ပင်လယ်ရေသတ္တဝါ ကယ်ဆယ်ရေးအေဂျင်စီကို ဝင်တိုက်ခဲ့မိတာကြောင့်လည်း မဟုတ်ခဲ့ချေ။ တကယ်တမ်းက အသက်ရှင်သူတွေက သူတို့ကို 'ကြီးမားတဲ့ငါး' ကယ်တင်ပေးခဲ့ကြောင်း ဖွင့်ဟပြောဆိုရာမှ ထွက်ပေါ်လာခဲ့၏။
လေယာဉ်ပေါ် ခရီးသည် ၁၇၆ယောက် တင်ဆောင်ခဲ့တာ ဖြစ်ပြီး သူတို့ကြားမှာ ၁၂၁ ယောက်ရဲ့ သက်ကယ်လှေတွေ အကောင်းပတိ ကျန်ရှိနေပြီး ၅၅ယောက်သော ခရီးသည်တွေက သူတို့လှေတွေ ပျက်စီးသွားတဲ့ အခြေအနေဆိုးနဲ့ ကြုံတွေ့ခဲ့ရသည်။ သူတို့ရေကူးကျွမ်းကျင်ရင်တောင် အသက်ရှင်ဖို့ရာတော့ ခက်ခဲလှပေသည်။ ဒါပေမဲ့ အဆုံးသတ်မှာ ၄ရယောက်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် အံ့အားသင့်စရာကောင်းသည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါပေ။
ထိုအဖြစ်အပျက်ပြီးတဲ့နောက်မှာ အသက်ရှင်သူတွေရဲ့စိတ်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေက မှတ်မိနေဆဲ ဖြစ်သည်။ ဒါပေမဲ့ သူတို့က ထိုအချိန်မှာ ပျာယာခတ်နေပြီး အနည်းငယ်လဲ မှောင်မည်းနေတဲ့အတွက် တချို့သာ ထို ငါးကြီး ရဲ့ ပုံစံအပြည့်အဝကို မြင်တွေ့လိုက်ရတာ ဖြစ်သည်။
ကျန်တဲ့သူတွေက မယုံကြည်နိုင်ဘဲ အများစုကလည်း သူတို့က စာဖတ်သူတွေ အာရုံဆွဲဆောင်ဖို့ သတင်းမှားတွေ ထုတ်လွှင့်နေသည်လို့ လှောင်ပြောင်ရယ်မောနေကြသည်။
ဒါပေမဲ့ သိပ်မကြာခင်မှာ ဗွီဒီယိုတစ်ခုက အွန်လိုင်းမှာ ထုတ်လွှင့်လိုက်ပြီး သတင်းတွေကို မှန်ကန်ကြောင်း ထောက်ပြလိုက်သည်။ မီးတောက်လေး က လူတွေကို ကယ်တင်စဉ်မှာ ရေအောက်ကင်မရာတွေကနေ ဖမ်းယူထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုလုံး ထွက်ပေါ်လာခဲ့သည်။
'သူ'က ရဲရင့်စွာ လှိုင်းလုံးတွေကြား ဖြတ်ကျော်ရင်း အန္တရာယ်ထဲ ကျရောက်နေတဲ့ လူသားတွေကို ကယ်ဆယ်ခဲ့သည်။ အံ့သြဖို့ကောင်းပြီး အင်အားပြည့်ဝနေတဲ့ ခန္ဓာကိုယ်က အပြာဖျော့ဖျော့အလင်းတွေ ထွက်ပေါ်နေပြီး မှောင်နေတဲ့ပင်လယ်ထဲ ကူးခတ်လိုက်တဲ့အခါ လှပတဲ့ အလင်းလေး စီးဆင်းသွားသလို ဖြစ်ပေါ်နေသည်။
ESTÁS LEYENDO
I am not a Merman Translation ( Arc 7 HDS ) [Completed]
FantasíaThis story doesn't belong to me!! All the works are given credit to original author!! If reader misunderstand sth, that's my false. #photo-credit to google original novel - Heroic Death System This arc is about cutie Dolphin called Fire......