အပိုင်း ၄

5.6K 293 7
                                    

အပိုင်း ၄

" ဦး ...ဦးရေ "

    မနက်အစောကြီးရောက်လာတဲ့မာန်ကြောင့် ဒီနေ့ကျောင်းပိတ်ရက်မှန်း ဒေါ်မိုးသူဇာတန်းသိလိုက်သည်

" မာန်ရဲ့ဦးလေးက အိပ်နေတုန်း "

" ကျွန်တော့်နိုးပါပြီ မမလေး
မာန်နဲ့မနက်စာစားပြီးမှပဲပြန်အိပ်တော့မယ် "

  ဦးမျက်ကွင်းတွေညိုနေသည်။ တစ်ညလုံးမအိပ်ဘူးလား မနက်စာစားပြီး ဦးထရပ်လိုက်တော့ ခန္ဓာကိုယ်ယိုင်သွားသည်။ ဒေါ်လေးကလှမ်းထိန်းပေးရင်း

" အဲ့ဒါကြောင့် ပြောတာပေါ့ညက အိပ်ပါဆို
ဘယ်ချိန်ထိစာရေးနေတာလဲ ကျန်းမာရေးကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ နင်နဲ့တော့ မောင်မိုးပြန်လာမှပဲကိုက်မှာ "

မောင်မိုးတဲ့ သူကဘယ်သူလဲ
နာမည်ကြားရုံနဲ့ မာန် သဝန်တိုမိသည်။

" ဦးကိုဘာလို့ဆူနေတာလဲ ဒေါ်လေးဖယ်
ကျွန်တော့်ဦးကို တွဲပြီးခေါ်သွားမယ် "

   မာန်သူ့ဦးကို အိပ်ခန်းထဲခေါ်သွားသည်။
ဒီကလေးကတော့ သူ့ဦးကိုထိရင်မရဘူး

" ဦးလှဲလိုက် "

" ကျေးဇူးပဲမာန် ဒီနေ့စနေနေ့မှန်း ဦးမသိလို့
ညကစာရေးတာ ညဉ့်နက်သွားတယ်။ မာန်နဲ့ပေးထားတဲ့ကတိ မတည်နိုင်တော့ဘူး"

" ရပါတယ် ဦး တစ်ရေးလောက်အိပ်လိုက်ပါ အိပ်ရာထရင် အပြင်သွားမယ် အဲ့လိုလုပ်ပေးရင်လည်း ကတိတည်တာပဲလေ "

မာန်က ဒီလိုကျတော့လည်း ကလေးနဲ့မတူပဲ
ကျွန်တော့်ကို နားလည်ပေးတဲ့
လူကြီးလေးကျနေတာပဲ စနေနေ့
ကျွန်တော်နဲ့အပြင်ထွက်ချင်လို့
ဘယ်လောက်တောင် ဂျစ်တိုက်ပြီး
ကျွန်တော့်ကို ဒီကလေးပူဆာခဲ့ရသလဲ

" ဦးဆေးသောက်ပြီးမှ အိပ်မှပေါ့ "

" အင်း "

   အရမ်းအိပ်ချင်နေလို့ထင်တယ် ဆေးတောင်မသောက်ပဲ ဦးအိပ်ပျော်သွားသည် ။ကျွန်တော့် ဦးရဲ့ စာကြည့်ခန်းကို ဝင်ပြီး သန့်ရှင်းရေး လုပ်နေတုန်း ဓာတ်ပုံကိုတွေ့သည်။ ဦးနဲ့တခြားတစ်ယောက်ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်သည် ။ပုံအကြီးချဲထားပြီး စာကြည့်ခန်းမှာ ချိတ်ထားတာပဲ

ချစ်ခြင်းအတ္တOnde histórias criam vida. Descubra agora