1 - အံ့ဖွယ်ကိုယ်ဝန်ဆောင် (part 1)ရပ်ကွက်ငယ်လေးတစ်ခု...မီးတွေထိန်လင်းကာ
လမ်းသွားလမ်းလာပေါများလှပေသည်။သို့ပေမဲ့
တစ်ခုသော အိမ်တစ်ဆောင်ဝယ်...မီးများအကုန်ပိတ်
ထားလေသည်။
လမ်းသွားလမ်းလာများ ကြည့်ကြည့်၍လည်းသွား
နေကြသည်။ကလေးတွေဆို ကြောက်၍ပြေးကြ
လေသည်။
မှောင်မဲ၍ အိမ်တစ်ဆောင်လုံးအတွင်း မီးတစ်လုံးမှ
မဖွင့်ထားပေ။အလင်းရောင်ဆိုလို့...မှန်ပြတင်းမှ ဝင်လာသော အပြင်ဘက်မှ အလင်းရောင်များသာ
..."ဂျောင့်...ခွမ်း"
အသံတစ်ခု...မီးဖိုချောင်ထဲမှထွက်လာသောအသံ
ပန်ကန်ကျကွဲအသံများ...
"ဟင်း...ဟူး....ဟင်း"
အသက်ရှူသံပြင်းပြင်းနဲ့ မိန်းမတစ်ဦး၏အသံ...
မီးဖိုချောင်ထဲ တစ်ခုခုကို လိုက်လံရှာဖွေနေသော မိန်းမ
တစ်ဦး အသားများက တုန်ယင်လို့...အမှောင်ထဲမှာ
မျက်နှာသဲသဲကွဲကွဲမမြင်ရ... ပန်ကန်ကွဲစများနဲ့...
လက်တွင်လည်းရှမိကာ...သွေးများထွက်လာတော့သည်။
သူမဘာမှဂရုမစိုက်ပေ...ပန်းကန်လုံးလေးတစ်လုံး
ယူထုတ်ကာ...တတောက်တောက် ကျဆင်းနေသော သွေများကို...ပန်းကန်လုံးလေးထဲကျဆင်းစေသည်။
သိပ်မကြာသွေးက တိတ်သွားတော့လေ၏။
သူမ ထရပ်လိုက်သည်။ထရပ်ချင်းကိုမှမနည်းကုန်း
၍ အားယူထရပ်လိုက်ပါသည်။သူမ ထိုမိန်းမတွင်...
ကိုယ်လေးကိုယ်ဝန်နဲ့ဖြစ်သည်။ထိုမိန်းမ တန်းတန်း
မတ်မတ်လေးရပ်နိုင်သည်နဲ့...ဓားထည့်ရာခုံမှ ပါးလွှာသေးငယ် သောဓားတစ်ချောင်းကိုဆွဲထုတ်လိုက်ပြီး...
တစ်ဖက်က...သွေးအနည်းငယ်ရှိနေသော...ပန်းကန်လုံး ကိုကိုင်ထားပြီး တစ်ဖက်သောလက်တွင်
ဓားအားကိုင်၍ မီးဖိုချောင်ထဲမှထွက်လာလေသည်။
အိမ်တံခါးရှေ့ ဧည့်ခန်းက စားပွဲပုလေးရှေ့တွင် ညှင်သာစွာ ထိုင်ချပြီး...ပန်းကန်လုံးကို စားပွဲပုပေါ်
ပန်းကန်လုံးလေးတင်ကာ...ဓားအသေးကို.
ယာလက်နဲ့ ခိုင်ခိုင်လေးကိုင်ပြီး...ပါးလွှာသော ဓား
သွားက...ဝဲဘက်လက်ကောက်ဝတ်ဆီသို့....
"ရွှမ်း"
အရှိန်ပြင်းစွာချမှတ်၍ ဖြတ်ချလိုက်သည်က တကယ့်
ကိုနာကျင်လွန်းလှပေမည်။
"အ့...အင့်..."
နာကျင်မှုကို အော်ညဉ်းသံနဲ့ဖြေသိမ့်၍...ဖြတ်လိုက်သော ဝဲဘက်လက်ကောက်ဝတ်မှ
သွေးများကျလာသည်ကို ပန်းကန်လုံးလေးထဲညှစ်
ထည့်နေလေ၏။သို့ပေမဲ့သွေးက ကြာကြာမထွက်...
ပြန်တိတ်သွားလေသည်။
"ရွမ်း"
နောက်တစ်ချက်ထပ်မှန် ဖြတ်ပြီးသွေးညှစ်ပြန်၏။
ဒါမဲ့သွေးတိတ်ငွားပြန်၏။သည်ကဲ့သို့ သုံးကြိမ်မြှောက်
သူမ စိတ်မရှည်နိုင်တော့ဘဲ...
"ရွမ်း....ရွမ်း....ရွမ်း...
အ့ အင့်....ရွှမ်း.... ရွှမ်း..."
အဆက်မပြတ်ပင် ဝဲဘက် လက်ကောက်ဝတ်အား လှီးဖြတ်နေလေတော့သည်။ တကယ့်ကို သည်ထိတ်
ရင်ဖို့ဖွယ် မြင်ကွင်းတစ်ခုမဟုတ်ပါလား။
သူမ နာကျင်မှုကိုပြင်းစွာ...ခံစားရသည်။ဒါပေမဲ့
ဆာလောင်မှုကိုတော့...ဖြေသိမ့်ရန်လိုအပ်သည်မလား။
YOU ARE READING
The Ghosts Queen
Horrornomal သဘာဝလွန်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။anime fic မဟုတ်ပေမဲ့ anime ဆန်ဆန်ရေးဖွဲ့ထားပါတယ်။ ပထမဆုံး horror ပုံစံဝတ္ထုလေးမို့...ပုံဖော်ရေးသားမှုမကျွမ်းကျင်သည်ကိုသီးခံဖတ်ဆုပေးပါ။