1- အံဖွယ်ကိုယ်ဝန်ဆောင် (end part)မနက်နံနက် မင်းစံ အိမ်ရာမှစောစောထလာမိပါသည်။
သူထ ထချင်းသတိရမိတာက ကြက်သွေး
ဟုတ်တယ်။ကြက်သွေးရအောင်ဝယ်ရမည်။
ချစ်ဇနီး အိမ့်သူဆီအကြည့်ပို့ နှစ်ခြိုက်စွာ အိပ်
ပျော်နေရှာ၏။မင်းစံ ချစ်ဇနီးလေးရဲ့ နှဖူးပေါ်
အနမ်းတစ်ပွင့်ခြွေကာ...အမြန်လေးထလာပါသည်။
ရေးချိုးရန်အတွက် ရေလဲပုဆိုးလေးတစ်ထည် မျက်နှာသုတ်ပိုင်းစသည်တို့ဖြင့် ရေချိုးခန်းအတွင်းသို့
ဝင်လာပါသည်။အပေါ်မှရေပန်းလေးဖွင့်ကာ...
ခေါင်းပေါ်မှရေများစီးကျစေခဲ့သည်။နောက်ပြီး
ညစ်နေတဲ့စိတ်တွေအကုန်ပျောက်ပြီး စိတ်လန်းဆန်း
စေရန် ခေါင်းလျှော်ဆေးလေးလှမ်းယူကာ လျှော်မိသေး၏။ခေါင်းလျှော်နေချိန် ရေပန်းပတ်ထားလိုက်သေးသည်။
သူကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ချကာ
ခေါင်းအားပါးတရ လျှော်နေမိစဉ်။"ဖြန်း...ရွမ်း"
"အာ,"ဘာမှမဟုတ်ရုတ်တရက်ဆိုတော့ လန့်သွားရသည်။
အပေါ်ရေပန်းမှရေများ ဒလဟောကျလာခြင်း
ကြောင့်ပင် သူအမြန်လေးထရပ်ကာမှိတ်ထားသော
မျက်လုံးအားအဖွင့်...သူအားစူးစူးရဲရဲ စိုက်ကြည့်နေသည့်မျက်ဝန်းအစုံ...တကယ်ကိုမှ
ကြောက်စရာကောင်းသည့် မျက်ဝန်းပင်ဖြစ်သည်။
ဒါပေမဲ့ကြာကြာမမြင်လိုက်ရ...ခေါင်းလျှော်ဆေး
များနဲ့အတူ ရောနှောစီးကျလာသောရေများကြောင့်
မျက်လုံးစပ်ကာ မှိတ်လိုက်ပြီး...အမြန်လေး မျက်လုံး
ပြန်ဖွင့်ကြည့်တော့...ဘာမှမရှိတော့ပေ။
သူပတ်ဝန်းကျင်ကို ဝေ့ရမ်းကြည့်လိုက်မိသေး၏။
ထူးခြားမှုဘာမှမရှိ။အမြင်မှာတာပဲဖြစ်မည်။ဟု
ကိုယ့်စိတ်ကိုယ်ကို ဖြေသိမ့်လိုက်ရပါသည်။ရေချိုးပြီးသည်နဲ့...အမြန်လေး ရေလဲပုဆိုးဝတ်ကာ...
မျက်နှာ သုတ်ပိုင်းဖြင့် ခေါင်းပေါ်သုတ်ရင်း ရေချိုး
ခန်းအတွင်းမှထွက်လာလိုက်ပါသည်။ကျောမှမလုံ
သည်ကိုး။
YOU ARE READING
The Ghosts Queen
Horrornomal သဘာဝလွန်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။anime fic မဟုတ်ပေမဲ့ anime ဆန်ဆန်ရေးဖွဲ့ထားပါတယ်။ ပထမဆုံး horror ပုံစံဝတ္ထုလေးမို့...ပုံဖော်ရေးသားမှုမကျွမ်းကျင်သည်ကိုသီးခံဖတ်ဆုပေးပါ။