မှောင်မိုက်တဲ့နေရာတစ်ခု ဟုတ်တယ် မှောင်မိုက်တဲ့ အခန်းတစ်ခုမှာ ကျွန်တော် ရောက်နေခဲ့တယ်............
ဘာဆိုဘာမှ မမြင်ရလောက်အောင် မှောင်လွန်းတော့ အခန်းထဲတွင် မည်သည်တို့ တည်ရှိသည်ကို ကျွန်တော် မခန့်မှန်းနိုင်ခဲ့ပါ.
ရုတ်တရက်....ရုတ်တရက်ကြီး ပေါ်ထွက်လာသော အဖြူရောင်အလင်းတန်း တစ်ခု.......
ထိုအလင်းတန်း၏ တောက်ပမှုကြောင့် ကျွန်တော့် မျက်ဝန်းတွေ ရဲရဲမဖွင့်ဟရဲပါ..ဒါပေမယ့် ကျွန်တော်သိသည်.... အဲ့အလင်းတန်းက တစ်စုံတစ်ခု အသွင်ကို ဆောင်နေသည်... တစ်စုံတစ်ခု??
ဟုတ်တယ် လူတစ်ယောက် ပေါ့....
ထိုလူက မည်သို့မည်ပုံ ရှိမည်ကိုတော့ ကျွန်တော် ကောင်းမွန်စွာ မမြင်ရခဲ့ပါ ...ကျွန်တော့် မျက်လုံးအစုံကို အားယူဖွင့်ပြီး ထိုလူကိုကြည့်ဖို့ ကြိုးစားခဲ့သော်လည်း.. မမြင်ခဲ့ရ....... ....
" Sugus.''
အသံ........ ဟုတ်တယ်... အဲ့အလင်းတန်းဆီက လာတဲ့... သြဇာငြိမ့်ညောင်းလှတဲ့ အသံ......
အသံကြားသည် ဖြင့် ထိုယောကျာ်း ကြီးမှာ မည်မျှပင် တည်ကြည်ခန့်ညားမည်ဟု မှန်းဆလို့ ရနိုင်လောက်အောင် တည်ကြည်လှသည့် အသံအနေအထားးး
"Sugus....မင်း မွေးဖွားလာရတဲ့ အကြောင်းအရင်းကို ... မင်းငယ်ငယ်ထဲက နေ အခုအချိန်အထိ ရှာဖွေနေတာမလား?''
ဟင်... ဒီလူက.... ဒီအကြောင်းတွေ ကို ဘယ်လိုသိတာလည်းး.... ဒီကိစ္စ တွေက ကျွန်တော်နဲ့ Ode ကလွဲရင် ဘယ်သူမှမသိတဲ့ အရာ.....
Ode ကလည်း ဆုံးသွားပြီ မလားးးး
" ငါဘယ်လိုသိလည်း မင်းတွေးနေတယ်မလား Sugus ..
တွေးမနေနဲ့ မင်းကငါ့ဆီက ဖြစ်တည်လာတာ မလို့........ဒါတွေထားပါတော့ ..
မင်းမွေးဖွားလာရတဲ့ အဓိပ္ပါယ်ကို သိနိုင်ဖို့ အချိန်တွေ နီးလာခဲ့ပြီ သားးးး
အဲ့အကြောင်းအရင်းကို မင်းရဲ့ကိုယ်ပွား ဓားမြောင်ငယ်နဲ့ အတူရှာဖွေပါ...
တစ်ခုတော့မှတ်ထားပါ Sugus ....ပြသနာအားလုံးကို မင်းရဲ့ သွေးနဲ့ ဖြေရှင်းနိုင်တယ်.....သားးးးး.... မင်းရဲ့ သွေးက မင်းရဲ့လက်နက်ပဲ....."
YOU ARE READING
Giants Killers
Fanfictionမထင်မှတ်ဘဲရလာတဲ့ စွမ်းအားတွေ နဲ့ မထင်မှတ်ပဲ စုံစည်းခဲ့ရပေမယ့်... ..... စည်းစည်းလုံးလုံးနေကြ ပြီး Giants တွေကို တိုက်ထုတ်ကြမယ်