I have 9 sons(part 4💗)

72 6 11
                                    

ကလေးတို့ ရေ,,,,,,,,,,,

"မေမေတို့  ရွာရောက်ပြီ အားလုံးဆင်းကြမယ်😊"

ကလေးတွေက နေရာစိမ်းဆိုတော့ ကြောက်ကြတယ်လေ။

ကျမအသံလေးကြားရော 9ကောင်လုံးဝုန်းကနဲ့ ပြေးဆင်းသွားကြတာရှင့်

ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက်ကြတဲ့ ဟာတွေကျနေတာပဲ😅

အိမ်ထဲလဲမဝင်သေးဘူး ဒေါင်းတောက်အောင် ကားနားတင်ပတ်ဆော့နေကြတာ

သိတယ်လေ သိနေတယ်
ဒီအရေတွေကြိုမြင်လို့  ဝီစီယူလာတယ်

ရွှီးကနဲ အားကုန်သုံးပြီးတစ်ချက်မှုတ်လိုက်တော့

9ကောင်လုံးအနားအတန်းလိုက်ရောက်လာတယ်

"ကဲ မေမေ မှာမယ်နော်။မေမေတို့ က အခု ဖွားဖွားကြီးတို့ ဆီကို အလည်အပတ်ထွက်လာတာနော်။အဲ့တော့မေမေကလဲ ရောက်တုန်း ခဏလောက်နားချင်တယ်။
သားတို့ ကိုက ဖွားဖွားကြီးနဲ့ ဖိုးဖိုးကြီးတို့ က ခဏကြည့်ပေးထားမှာ။အဲ့တော့ သိပ်မဆော့ကြနဲ့ နော်😊"

"Nae×9"

အခုတော့ ဖြောင့်တန်းလို့ ပဲ ပြီးမှဘယ်လိုမွှေမလဲမသိတဲ့  ဟာလေးတွေ

ပြောလဲပြီးရော အိမ်ထဲကနေ မေမေထွက်လာရော

"ဟဲ့ Haemi သမီး
ရောက်နေတာကို လှမ်းမခေါ်ပဲ ဘာလို့  အပြင်ရပ်နေကြတာလဲ"

ပြီးတော့ သူ့ မြေးတွေကိုမြင်ပြီး

"အမလေး ဒါဘယ်သူလေးတွေတုန်း ကြည့်စမ်းပါဦး
ချစ်ဖို့ ကောင်းတဲ့  ငါ့မြေးလေးတွေ"

"ဖွားဖွားကြီး×9"

ဆိုပြီး သူတို့ အဖွား ကျမအမေကိုပြေးဖက်ကြရော
တကယ်တတ်လဲတတ်နိုင်တဲ့ ဟာလေးတွေ

ပြီးတော့မှ ကျမဖေဖေလဲထွက်လာပြီး
သူ့ မြေးတွေနဲ့  စကားတွေပြော ရယ်မောလို့ 

မေမေကစပြီးတော့

"ကဲကဲ လာကြလာကြ အကုန်အိမ်ထဲအရင်ဝင်ကြ
အိမ်ထဲရောက်မှစကားဆက်ပြောကြ"

"Nae×10"

ဒီတစ်ခေါက် Nae ရတာက ကျမရောပါတာပေါ့

ရောက်ရောက်ချင်းအချိန်က ညနေမှောင်ချိန်လဲရောက်နေတာကြောင့်
ကျမနဲ့ ကလေး9ယောက် အမေကျွေးတာတွေ
တဖြဲနှဖြဲစား ရေမိုးချိုးကြပြီး
အိပ်ယာတန်းဝင်ကြပါတော့သတဲ့ကွယ်

I have 9 sonsWhere stories live. Discover now