Zawgyi
ဟန်က မထင်ရအောင် ချွဲတတ်တဲ့ အချွဲကောင်
လေး ...ဖြူ စင်တဲ့အပြုံးလေးတစ်ခုနဲ့တင် ရင်ခုန်အောင်ပြု
စားတတ်တယ် ...မပိုင်ဆိုင်ခင်က ရင်ခုန်ရသလို ပိုင်ဆိုင်ပြီးပြန်
တော့လည်း ရင်ခုန်ရပြန်တယ် ...ကိုယ်ရူးတော့မယ် ဟန်ရယ် ...
ဟန့်အပြုံးတွေကို တခြားသူတွေ မမြင်စေချင်ဘူး
... ကိုယ် ပြိုင်ဘက်ကင်းပဲဖြစ်ချင်တယ် ...တခြားသူတွေရင်ထဲ ဟန်ကို နေရာပေးထား
မှာမလိုဘူး ...တခြားသူတွေ ဟန့် ကို စွဲလန်းသွားမှာမလိုချင်
ဘူး ...ကိုယ့် နှလုံးသားထဲမှာပဲ နေရာယူပြီး လုံခြုံ စွာနေ
ပါ ...ဟန့် အပြုံးကို ကိုယ်တစ်ယောက်တည်းအတွက်
မူပိုင်ပေးပါ ... ကိုယ်သာ စွဲလန်းပါရစေ ...မျက်ဝန်းလှလှလေးတွေလည်း ညှို့အားပြင်းလွန်း
တယ် ဟန် ...နှုတ်ခမ်းဖူးဖူးလေးလည်း စွဲမက်ဖွယ်ကောင်း
တယ် ...ကိုယ့်အတွက်တော့ ဟန်က နတ်ဘုရားတွေသာ
သုံးဆောင်နိုင်တဲ့ နတ်သုဒ္ဓါလိုပဲ ...ဟန့် တစ်ကိုယ်လုံးက စွဲမက်ဖွယ်ကောင်းတဲ့
ဝိုင်ပြင်းပြင်း တစ်ခွက်လိုပဲ ...hk ကိုယ် တစ်ကယ်ရူးပြီ ...
' ဦး ... ဦးရေ ... ဦးလို့  '
' ဟင် '
' ဘာ ဟင် တုန်း ခေါ်နေတာ မောနေပြီနော် '
' အင်း '
' အာရုံက ဘယ်လွင့်နေပြန်တာတုန်း '
' ကိုယ့်အရှေ့က အချောလေးဆီ '
' ဦးနော် '
ဒါလေးပြောတာကို ရှက်သွားပြန်ပြီလား ဟန်ရယ် ...
' ဟာ ဘယ်လိုဖြစ်နေတာလဲ '
' ကိုယ့်နေရာ ကိုယ်ထိုင်လေ '
' တစ်အိမ်လုံး ကိုယ်ပိုင်တာ ဘယ်နေရာ ထိုင်
ထိုင်ကွာ '' ဟန် ကိုယ်တော့ ဆေးစွဲနေပြီ '
' ဦးနော် ဟန် မကြိုက်ဘူး '
' ဟန်မကြိုက်လည်း မရတော့ဘူး ကိုယ်တော့
ကြိုက်တယ် '