Zawgyi
" ဦး ''
HunHan ( Yaoi )
* ချပ် ချပ် ချပ် *
တိတ်ဆိတ်နေတဲ့ စတူဒီယို အခန်းထဲ
ကင်မရာမှတစ်ဆင့် ထွက်လာတဲ့ တစ်ချပ် ချပ် အသံတွေက စည်းချက်ဝါးချက်ကိုက်ကာဖြင့် မရပ်မနားထွက်ပေါ်နေသည် …အပြု အမူလေး တစ်ခုတစ်လေမှ
လွတ်သွားလေခြင်း မရှိရအောင်
ယောကျာ်းပီသပြီး သွယ်လှတဲ့
လက်တို့ ကို အပြေးအလွှား
အလုပ်ပေးလျက် …' နည်းနည်းလောက် ကိုယ်လေး
စောင်းလိုက် '' ဟုတ်ပြီ အဲ့အတိုင်းပဲ ဆက်သွားမယ် '
' ဟန် ပုခုံးလေးနည်းနည်းဖော်မယ် '
ပြောလည်းပြော လူကလည်း ဟန့် အရှေ့  ရောက်လာကာ အကျီ င်္ကြယ်သီးကို ကိုယ်တိုင်
ကိုယ်ကျ လာဖြုတ်ပေးပြီး ပုခုံးသားပေါ်အောင် သေချာပြင်ပေးနေတဲ့ ကင်မရာမန်း ဦးကြောင့် ဟန့် ရင်ခုန်သံတွေ ကဆုန်ဆိုင်းလာသည် …မထိခလုတ် ထိခလုတ်နဲ့ ပုခုံးသားကို လာထိ
နေပြန်တဲ့ ဦးရဲ့ လက်သွယ်သွယ်တို့ ကြောင့် ကျယ်ကျယ်လာတဲ့ ရင်ခုန်သံတွေကို ကြား
သွားမှာစိုးလို့ ကိုယ်လေးကို ကျုံ့ ထားမိ
သည်အထိ …' မရှက်နဲ့ ဟန် '
' ဟုတ်ကဲ့ '
' ဟန် က ချစ်ဖို့ ကောင်းသားပဲ '
' ဗျာ ? '
ဦးအကြောင်းသိနေလည်း ရင်မခုန်ပဲ မချစ်ပဲမှ
မနေနိုင်တာ …နာမည်ကြီး ဓါတ်ပုံဆရာဖြစ်တဲ့ အိုဆယ်ဟွန်း ဆိုတဲ့ ဦးက ရုပ်ချော ဥစ္စာပေါ ဖြစ်သလို အရှုပ်အ
ရှင်းလည်းသိပ်မကင်း …ခပ်ချောချော ငယ်ငယ်လေးဆို စိတ်ဝင်စား
တတ်တဲ့ ဦးက မိန်းကလေးရယ် ယောကျာ်းလေး
ရယ်လို့ မရွေးဘူး …မရိုးရအောင် ကြားနေရတဲ့ သတင်းတွေကို
လည်း ဘယ်သူကမှ ဂရုမစိုက်ဘူး …ဦး ရဲ့ အပြုံးလေးနဲ့ တင် အကုန် ကြွေဆင်းကုန်
ကြတာပဲ …ဒီတစ်ယောက်နဲ့ တွဲနေပေမဲ့ နောက်တစ်
ယောက်မက ထပ်တွဲနေတာကိုသိလည်း
မသိချင်ယောင်ဆောင်ပြီး ဦး ဘေးနားမှာ
နေရပြီးရော ချစ်နေရပြီးရော ဆိုပြီး ဘာမှ
မပြောပဲ ဦး စိတ်ချမ်းသာသလိုနေဆိုပြီး တွဲနေ
ကြတဲ့သူတွေ ပုံလို့ …