admission to him
259 42 10
(Zawgyi)
"ချစ်တယ် ကိုကို"
ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်ကိုကိုကအံသြဟန်မပြ
စိတ်ဝင်စားဟန်ပင်မပြဘဲ လက်ထဲကစာရွက်ကိုသာဆက်ဖတ်နေတယ်
ပထမဆုံးကိုကို့ကိုဝန်ခံတဲ့အချိန်...
ဒါပေမယ့် ကိုကိုဆီကအကြည့်တစ်ချက်လေးတောင်မရရှိခဲ့ဘူး
"အင်း"
အေးစက်စက်စကားတစ်ခွန်းနဲ့တင် စိတ်ကူးယဉ် ခဲ့သမျှကိုသူကချေဖျက်ပြန်တယ်
သူ့မျက်နှာက အေးစက်စက်
"ကိုကို ငယ်ပြောတာကိုရောကြားလိုက်လား "
အင်းဆိုတဲ့အဖြေတစ်ခုအပေါ်အားမလိုအားမရပြန်မေးလိုက်မိတယ်
ဒီစကားကိုမေးမိတာမှားသွားပြီမှန်း ကြိုသိခဲ့ရရင် အင်းဆိုတဲ့စကားကိုပဲကျေနပ်မိမယ်ထင်တယ်..
"မင်းရော ငါ့မှာ Mizunoရှိနေတာမသိဘူးလား "
ကိုကိုက လှည့်ကြည့်လာရင်း မျက်ခုံးတစ်ဖက်ကိုပင့်ကာမေးလာတယ်
"ငယ်....သိပေမယ့်....ငယ်က....."
ကိုကို့ရှေ့ရောက်ရင်အလိုလိုထစ်သွားပြီးစွံအတတ်တဲ့စကားလုံးတွေ
အထူးသဖြင့် အေးစက်စက်မျက်ဝန်းတွေကို ရင်ဆိုင်ရချိန်မှာ
"သိရင် မလိုအပ်တဲ့ စကားတွေကို ငါက နားထောင်ပေးစရာ မလိုအပ်ဘူး မလား "
တစ်လုံးချင်း ပြောသွားတဲ့ လေသံခပ်အေးအေးနဲ့စကားတွေက ဓားသွားတစ်ခုလိုထက်ရှနေလွန်းတယ်
မလိုအပ်ဘူးတဲ့လား
ကိုကို့ကိုငယ့်အပိုင်လို့တွက်ဆမိတဲ့ ငယ့်ရဲ့ဆိုးရွားလွန်းတဲ့စိတ်ကြီးဝင်မှုကိုပဲအပြစ်တင်ရမလား
"ဒုတိယနေရာဆိုရင်တောင်... ငယ့်ဖက်က...."
ပြောနေရင်းကျလာတဲ့မျက်ရည်စအချို့
မျက်ရည်လွယ်တတ်တဲ့ကိုယ့်ကိုကိုယ်မုန်းလိုက်တာ .
"တော်တော့ Plan...
မင်းက ဒုတိယနေရာနဲ့တောင် မတန်ဘူး "
Hk....ပြောရက်လိုက်လေခြင်း
ပထမနေရာရဲ့အရေးပါမှုကိုတသ သနဲ့လှမ်းမျှော်ကြည့်ရင်း ရင်နာရင်း ခံရခက်နေမယ့် ဒုတိယလူအဖြစ်တောင် ငယ်ကမထိုက်တန်ဖူးတဲ့လား