(Zawgyi)
တဖြည်းဖြည်းနဲ့ မှောင်စပြုလာတဲ့ညနေခင်းတစ်ခုမှာပေါ့
ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူဟာထိုင်နေခဲ့တယ်ဒေါသထွက်နေတဲ့အရိပ်အယောင်တစ်ချို့က သူ့မျက်နှာမှာအထင်းသားပေါ်နေမှာအသေအချာ
သူ့ရှေ့မှာ သူနဲ့အသက်သိပ်မကွာလောက်တဲ့ အမျိုးသမီး တစ်ဦးရှိတယ်
သူမက လှတယ်
ဖြူဖြူစင်စင်နဲ့ လှတာမျိုးမဟုတ် Sexyဆန်ဆန်နဲ့မာယာများတဲ့အလှမျိုး
နှုတ်ခမ်းနီရဲရဲကပုံမှန်ထက်ပိုတောက်ပပြီး
smokey ဆန်ဆန် eye make upက ပိုပြီး သူမကို Sexyဆန်စေတယ်
နှုတ်ခမ်းအပေါ်ဖက် ညာဖက်ပါးပေါ်ကမှဲ့နက်နက်က
ရိုင်းဆန်ဆန်အလှကိုအားဖြည့်ပေးနေသယောင်ဒါပေမယ့် သူမမျက်လုံးတွေမှာရိုးသားမှုကိုရှာလို့မရဘူး
"မင်းက ဘာလို့ငါ့ကိုတွေ့ချင်ရတာလဲ"
သူမကမျက်ခုံးတစ်ဖက်ကိုပင့်ပြီးပြောလာတယ်
တကယ်ကိုဆွဲဆောင်မှုရှိပေမယ့် သူကရွံမုန်းနေဆဲ"အမ ကိုကို့ကို အားနာတဲ့စိတ်လေးတောင်မဖြစ်မိဘူးလား"
လက်သည်းအနီရဲရဲဆိုးထားတဲ့လက်သွယ်သွယ်နဲ့သူမကဆံပင်ကိုသပ်တင်လိုက်ရင်း ရီတယ်
ကြားရတာတောင်အော်ဂလီဆန်ချင်စရာအသံမျိုးဒီလိုမိန်းမလှတစ်ယောက်ကိုတောင် အနည်းငယ် စိတ်ဝင်စားမှုမရှိရလောက်အောင်အထိ ကိုကို့ကိုသူရူးသွပ်ခဲ့တာ
"မင်းက ငါ့အကြောင်းသိပြီးသားနဲ့တူတယ်
ဒါဆိုလည်းရှင်းရှင်းလေးပဲ ငါ့အလုပ်ငါလုပ်တာ""ကိုကိုက ဒါတွေသိရင် ခင်ဗျားကိုခွင့်လွှတ်မယ်ထင်လား "
သူမကနှုတ်ခမ်းကိုမဲ့ပြလိုက်ကာ
"သူကိုယ်တိုင်ရွေးချယ်ထားတဲ့ငါနဲ့ မင်းလိုလူပြောတဲ့စကား စဉ်းစားလေကွာ..."
သူမစကားအဆုံးမှာ သူကပြုံးပြလိုက်တယ်
ညစ်ကျယ်ကျယ်အပြုံး
ကိုကို့ကိုကာကွယ်ဖို့ သူမနဲ့အဆုံးအထိတိုက်ခိုက်ရမည်"Video...ကျွန်တော့မှာ အမရဲ့ Sex videoရှိနေတယ်ဆိုရင်ရော
အခုနေOnlineပေါ်တင်လိုက်ရင်.....
Hummm...စိတ်ဝင်စားစရာပဲ"
YOU ARE READING
Fanfiction(Zawgyi) ကိုကို အခုပဲဖြစ်ဖြစ် ငယ့်လက်ကိုဆုပ်ကိုင်ပေးပါလား... ဒါက ငယ့်ရဲ့ နောက်ဆုံးလက်တကမ်းမို့ နောက်ဆုံးအနေနဲ့ ငယ်ကောင်းကောင်းသွားနိုင်အောင်လို့်..... ကိုကို့အပေါ် ချစ်လွန်းလို့ ဆိုတဲ့အချက်နဲ့ ကိုကို့အနာဂတ်တွေအထိဝင်စွက်ဖက်မိခဲ့တဲ့ ငယ့်ကို ခွင့်မလွှတ်ခ...