အးလုံးဘဲမတွေ့ရတာအရမ်းကြာသွားပြီနော်
ဒီလိုမျိုးကြီးပစ်ထားခဲ့ပေမယ့်
အခုချိန်ထိ follow လုပ်ထားပေးကြတာကို
တကယ်ကျေးဇူးတင်မိပါတယ်အရမ်းအရေးကြီးလို့ ခဏလောက်အချိန်ပေးဖတ်ပေးဖို့ မျှော်လင့်ပါတယ်
ဒီနေ့ ရုတ်တရက် ဒီမသုံးဖြစ်တော့ဘူးဆိုတဲ့
acc ကိုပြန်ရောက်လာတာက
ကျွန်မရဲ့ Butler Aesthetic fic နဲ့ပတ်သတ်ပြီး သတိပေးစရာတွေရှိလာလို့ပါButler Aesthetic fic ကို ကျွန်မ march 5 ,2018
မှာ ဒီ acc မှာစပြီးတင်ခဲ့ပါတယ်
ပြီးတော့ ဒီ fic complete ဖြစ်တဲ့နေ့ဟာ
may 9,2018 ပါ
ကျွန်မအတွက် ဒီ fic က ပထမဆုံး fic ဖြစ်သလို
ပထမဆုံးအနေနဲ့လည်း readers တွေစီကနေ
အထိုက်အလျောက်အသိအမှတ်ပြုခံခဲ့ရတဲ့ fic ပါဒါပေမယ့် ကျွန်မရဲ့ ဒီ fic ကို inspired ယူပြီး
ရေးတာလား ဒါမှမဟုတ် plot ကိုဘဲကူးချ
(ဖြစ်နိုင်ရင်ကူးတယ်ဆိုတဲ့စကားလုံးကို
မသုံးချင်ပါဘူး) ထားတာလားမသိတဲ့ fic တစ်ခု
တွေ့လိုက်ရလို့ပါ
အဲ့ဒီ fic ရဲ့ started date က feb 8,2019 ပါတစ်ယောက်မဟုတ်နှစ်ယောက်မဟုတ်
လာပြောကြလို့ ကိုယ်တိုင်သွားဖတ်ကြည့်လိုက်ပါတယ်အစပိုင်းတွေမှာ Butler Aesthetic နဲ့
တူညီနေတာလေးတွေကို
မသိမသာရော သိသိသာသာရောတွေ့ရပါတယ်ဥပမာ -
သူက chapter 1 မှာ
main character က ထမင်းစားခန်းမှာ
သောင်းကျန်းတဲ့အခန်းနဲ့
နောက်ထပ် main character ကိုဆံပင်ဆွဲတဲ့
အခန်းကိုထည့်ရေးထားသလိုဘဲ
Butler Aesthetic ရဲ့ chapter 1 မှာလည်း
အဲ့ဒီလိုမျိုးရေးထားပြီးသားရှိနေပါတယ်သူ့ရဲ့ chapter 2 ကိုဖတ်ရင်
Butler Aesthetic ရဲ့ chapter 2 နဲ့ 12 ကို
သတိရမိစေတာမျိုး
သူရဲ့ chapter 2 မှာ main character နဲ့ တခြား
character အသေးတစ်ခုရဲ့ interaction လိုမျိုးကို Butler Aesthetic ရဲ့ chapter 3 မှာတွေ့ရပါ
တယ်သူ့ chapter 3 ရဲ့တစ်စိတ်တစ်ပိုင်းက
Butler Aesthetic ရဲ့ chapter 5 မှာ
ပါနေပြီးသား vibe နဲ့ဆင်တူနေတာရှိပါတယ်သူ့ဖန်တီးထားတဲ့ character တွေမှာ
မိသားစုနဲ့ပတ်သတ်တဲ့ပြသာနာတွေရှိသလိုမျိုး
Butler Aesthetic ရဲ့ character တွေမှာလည်း
မိသားစုပြသာနာရှိနေပြီးသားပါ
ထပ်တူလုံးဝမကျနေပါဘူး
ဒါပေမယ့် မိသားစုပြသာနာဆိုတဲ့ same vibe ပါButler Aesthetic မှာ main character ရဲ့
ဆံပင်နဲ့ပတ်သတ်ပြီးအထူးတလည်ရေးထားတဲ့အခန်းတွေရှိနေသလိုမျိုး
သူ့ရဲ့ fic မှာလည်းရှိနေပါတယ်
main character ချင်းကလည်းတူနေပါတယ်
ဆံပင်အရောင်ကိုတော့ပြောင်းပြီး
ရေးထားပါတယ်နောက်ပြီး ပန်းနာမည်တွေ
ကပ်သီးကပ်ဖဲ့လိုက်ဆွဲကြည့်နေတာမဟုတ်ပါဘူး
ဖတ်ရင်းနဲ့ကို တိုက်ဆိုင်တာတွေများလာလို့ပါသူ့ရဲ့ fic နဲ့ Butler Aesthetic က
ဇာတ်လမ်းမတူပါဘူး
ဒါပေမယ့် ဇာတ်လမ်းရဲ့ကျောရိုးကသွားဆင်နေပါတယ်ဖတ်နေရင်းနဲ့သတိထားမိတဲ့သူတွေရှိပါတယ်
လာလည်းပြောကြပါတယ်inter မှာဆို တခြားသူရဲ့ fic ကို inspired ယူပြီး
ရေးထားတယ်ဆိုရင် original author ရဲ့
fic name ကိုပါ တစ်ခါတည်းထည့်ပြထားကြ
ပါတယ်ဒါပေမယ့် အခုအဖြစ်အပျက်ကိုတော့
တစ်ဘက်ကဘာမှလာမပြောတဲ့အတွက်
ဘယ်လိုအသုံးအနှုန်းကို သုံးနှုန်းရမှန်း
မသိတော့ပါဘူးButler Aesthetic ရဲ့vibe တွေကို
ခံစားမိစေတဲ့ အဲ့ဒီ fic ရဲ့နာမည်က
SQUAMES P**** ပါသိနေတဲ့သူတွေရှိလို့ author ကို mention
ခေါ်ချင်ရင်လည်းရပါတယ် ခေါ်ပါ!ဒီ acc မှာ complete ဖြစ်ခဲ့တဲ့
Butler Aesthetic က
ကျွန်မရဲ့ စိ်တ်အခြေအနေမကောင်းတဲ့အပေါ်
လိုက်ပြီး နောက် acc အသစ်မှာ
publish လုပ်ခံမထားရပါဘူး
october 10 , 2018 နောက်ပိုင်း
of__kimtae acc မှာ အပိုင်းတချို့ကို
ပြန်တင်ပေးခဲ့ပါတယ်
ဒါပေမယ့် နောက်ပိုင်းမှာ ပြန် unpublish
ပစ်လိုက်ပြီး reader တွေရဲ့ မြင်ကွင်းကနေ
ပျောက်သွားတာတော်တော်ကြာပါပြီဘာမှမပြောဘဲမသိသလိုနေမလို့စဉ်းစားပေမယ့်
Butler Aesthetic အပေါ်တာဝန်မကျေဘူးလို့ခံစားရလို့ပါဒါနဲ့ပတ်သတ်ပြီး
စိတ်ကသိကအောက်ဖြစ်တာကလွဲလို့
တခြားစိ်တ်မရှိပါဘူး
ရန်တထောင်ထောင်နဲ့လည်းသွားမပြောချင်ပါဘူးသိစေချင်ရုံလေးပါ
ဒီ acc မှာ မဖျက်ခင် 12.2k viewers အထိ
ရှိနေခဲ့တဲ့ Butler Aesthetic fic ကို
မမေ့ကြစေချင်ရုံပါကျေးဇူးတင်ပါတယ် 💜
of_kimtae
![](https://img.wattpad.com/cover/163996123-288-k28056.jpg)