Part 3

38 9 0
                                    

Zawgyi

ရှင်​တို့​တွေ​ပြော​ပြော​နေတဲ့ ဆန်းကြယ်​လှပါတယ်​ဆိုတဲ့ ကံတရားဟာ တကယ်​​တော့ ငှက်​​​ပျောသီး အခွံနွှာသ​လောက်​​တောင်​ စိတ်​ဝင်​စားဖို့မ​ကောင်းပါဘူး။

အခုလည်းကြည့်​ ဆိုဖာ​ပေါ်မှာမျက်​နှာချင်းဆိုင်​ထိုင်​ပြီး ​ကော်​ဖီတစ်​ခွက်​စီချလို့ စကား​ပြောရမယ့်​မျက်​နှာချင်းဆိုင်​ကလူဟာ ​သက်​ဆိုင်​သူရဲ့သက်​ဆိုင်​သူ။

ကော်​ဖီနံ့​တွေကရုံးခန်းထဲ ဟိုဒီပျံ့လွင့်​​နေတယ်​။

အ​ငွေ့တ​ထောင်း​ထောင်းနဲ့​Americanoဟာ
ယူဂျင်းအကြိုက်​ဆုံး​တွေထဲက တစ်​ခု​ပေါ့။

ဒါ​ပေမယ့်​ အခုမ​သောက်​ချင်​ဘူး။
အဆိပ်​ရည်​​တွေလိုပဲ။

"မ​တွေ့တာကြာပြီ​နော်​ ယူဂျင်း"

"......"

ချက်​ချင်းပြန်​မ​ဖြေမိဘူး။ ယူဂျင်းစဉ်းစား​နေတာ။

သူ့ကို အစ်​ကိုလို့​ခေါ်ရမလား။မဟုတ်​​သေးပါဘူး။ သူကအိမ်​​ထောင်​သည်​ပဲ အဲ့လိုမ​ခေါ်သင့်​ဘူး။

အစ်​ကိုဂျွန်းဟို? ကိုယ်​စားလှယ်​ကြီး? သူ​ဌေးဂင်​?
ကျွတ်စ် ​စဉ်းစားရခက်​လိုက်​တာ

"ယူဂျင်းကအစ်​ကို့ကို စကားမ​ပြောချင်​​တော့ဘူး ထင်​တယ်​"

အစ်ကိုက ခပ်နောက်နောက်လေးပြုံးပြီးပြောတယ်။
ပြတ်​သားတဲ့အသံသြသြဟာ ​ယောက်ျားပီသစွာ။

တည်​ကြည်​​ဖြောင့်​မတ်​ပြီး သ​ဘော​ကောင်းတဲ့အသွင်​​ဟာ အရင်​လိုပဲအစ်​ကို့မျက်​နှာ​ပေါ်မှာ အထင်းသား။

ယူဂျင်းက​တော့ အစ်​ကို့လို​ယောက်ျားတစ်​​ယောက်​ကို ဘယ်​​တော့မှယှဉ်​နိုင်​မှာမဟုတ်​ပါဘူး။

ကျစ်​! အဲ့လိုအ​တွေး​တွေကို သူ မကြိုက်​တာ။
ဒီသိမ်​ငယ်​မှု​တွေက​နေ လွတ်​​မြောက်​ချင်​ပြီ။

"အာ မဟုတ်​ပါဘူး။ရုတ်​တရက်​ဆို​တော့အံ့သြ​သွားလို့"

ခြောက်​ကပ်​ကပ်​ရယ်​သံတစ်​ခုနဲ့ ယူဂျင်းပြန်​​ဖြေတယ်​။

Christmasတမ်းချင်းOpowieści tętniące życiem. Odkryj je teraz