•••••••
Fairy Tales အားလုံးလိုရဲ့ထုံးစံအတိုင်းပဲ,ဒီပုံပြင်ဟာလည်း "ဟိုးရှေးရှေးတုန်းက" ဆိုတဲ့ အရိုးရှင်းဆုံးစကားလုံးတွေနဲ့စတယ်။ ဒါပေမဲ့ ဒီနေရာမှာဘဲ ငါတို့ရဲ့ ပုံပြင်ဟာ မတူခြားနားတဲ့ fairy tale တစ်ပုဒ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။မတူဘူးဆိုတာမှာ ဒီပုံပြင်ဟာ လှပတဲ့ မိန်းမပျိုလေးနဲ့ ချောမောခန့်ငြားတဲ့ မင်းသားလေးတို့အကြောင်းသက်သက်မဟုတ်တော့ဘူး (အင်း အမှန်တကယ်မှာလည်း မိန်းမပျိုက ချစ်စရာကောင်းပြီး မင်းသားလေးက တကယ့်ကို charming ဖြစ်နိုင်ပေမဲ့ပေါ့)။ဒါဟာ အဲ့ဒါတွေအားလုံးထက် နက်နဲတဲ့ အလှတစ်ခုရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒါဟာ လူနှစ်ယောက်ရဲ့ပုံပြင်....
စိတ်ဝင်စားဖွယ်အကောင်းဆုံးအခြေအနေတွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက်နီးကပ်လာခဲ့ကြတဲ့ လူနှစ်ယောက်...တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံပြီးတော့မှ ဘယ်အရာတွေက တကယ်အရေးပါလဲဆိုတာ မှန်မှန်ကန်ကန်မြင်နိုင်ဖို့ သင်ယူခဲ့ကြတဲ့ လူနှစ်ယောက်..
ပြီးတော့ သူတို့ရဲ့ ပုံပြင်....အချိန်လိုပဲ အိုဟောင်းနေပေမဲ့ တစ်ပြိုင်တည်းမှာဘဲနှင်းဆီလို လတ်ဆတ်သစ်လွင်နေတဲ့ပုံပြင်-----စတင်ပါပြီ။
ကဲ..တို့ရဲ့ပုံပြင်စကြရအောင်...
ဟိုး...ရှေးရှေးတုန်းကပေါ့.....ပြင်သစ် ရဲ့ ကွယ်ဝှက်ထားတဲ့ နှလုံးသားအတွင်းမှာ........
BINABASA MO ANG
Beauty And The Beast🥀(Burmese Trans)
Romanceအလှလေးနဲ့ ကိုရုပ်ဆိုး (သားရဲကြီး) ***လူတိုင်းသိတဲ့ ပုံပြင်လေးပါ.. ဒီဟာကတော့ Disney ကထုတ်တဲ့ ပြဇာတ်ပုံစံ စာအုပ်လေးကို ဘာသာပြန်ထားတာပါ. Enjoy~~^ ^