တိုင်းပြည်နှစ်ခု စစ်ဖြစ်နေကျသည်
အရမ်းကိုပြင်းထန်တဲ့စစ်ပွဲဟုဆိုရပေမည်
တစ်ဖက်နဲ့တစ်ဖက်ကလည်း အသေအကြေ
တိုက်ခိုက်နေလျှက်ရှိချေပြီ အသည်းအသန်
တိုက်ခိုက်နေတဲ့တိုက်ပွဲကြားမှာ လူတစ်ယောက်ရဲ့ဓားကသွေးစက်မပြတ်လပ်စေဘဲ
သူ့ရဲ့ဓားသွားအောက်မှလာတိုက်ခိုက်သမျှလူတိုင်းလည်စင်းပေးရလောက်တဲ့အထိ
ဓားရေးထူးချွန်လှပေသည်ထိုလူသား၏ပြောင်မြောက်လှသော ဓားရေးအစွမ်းကြောင့် သူ့ရဲ့ဓားချက်အောက်တွင်
အသက်ပေးခဲ့ရသူပေါင်းမနည်းချေ ထိုလူသားကလဲ သနားကြင်နာမှုကင်းမဲ့စွာဖြင့်
ရန်သူမှန်သမျှသတ်ဖြတ်နေခဲ့သည် သူ့ရဲ့မျက်နှာနှင့်ခန္ဓာကိုယ်မှာလဲ သူသတ်လိုက်တဲ့သူတွေရဲ့ သွေးတွေနေရာယူနေခဲ့သည်
သွေးသန်ရဲနေသောခန္ဓာကိုယ်ဖြင့်ရန်သူတွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နေသည်မှာ အင်မတန်ကြောက်စရာကောင်းလှသည်အချိန်အနည်းငယ်ကြာလွန်သော်
အားလုံးနီးပါးကခြေကုန်လက်ပမ်းကျနေခဲ့ပြီ
သို့သော်လဲ မတိုက်ခိုက်ရင်တိုင်းပြည်အရေးနိမ့်မည်စိုးသောကြောင့်အားတင်းပြီးပြန်လဲတိုက်ခိုက်နေရသည် သို့သော်လဲ အင်အားမမျှတမှုကြောင့် တစ်ဖက်ကတော့အရေးနိမ့်ခဲ့ရသည် တိုက်ပွဲလဲပြီးဆုံးသွားလေသည်
ထိုအချိန်တွင် လက်ထဲတွင်သွေးဆက်လက်ကျနေသော ဓားကိုမြဲမြဲဆုပ်ကိုင်ကာ
အနည်းငယ်မြင့်သောတောင်ကုန်းပေါ်သို့တက်သွားလေသည်တောင်ကုန်းပေါ်သို့ရောက်သော်
လေတိုက်ခတ်မှုကြောင့် ထိုလူသား၏ဝတ်ရုံစမှာလဲ တလှပ်လှပ်လွှင့်နေသည် ထိုလူသည်
တောင်ကုန်းလိုအပေါ်စီးကနေ အောက်မှာကျန်ရှိနေသော လူတွေကိုကြည့်ရှုလျှက် လက်ထဲမှ ဓားကိုအပေါ်ကိုကိုင်မြှောက်လိုက်ကာ" ဂိုဆောင်း အဓွန့်ရှည်ပါစေ "
" ရေး........ရေး.....နိုင်ပြီဟေ့....."
ထိုလူ၏လမ်းညွှန်မှုကြောင့်အောက်ကလူတွေလဲအော်ကာအောင်ပွဲခံနေကျသည်
အသံတွေတစ်ဖန်တိတ်ဆိတ်သွားပြန်တော့" ငါတို့ရဲ့တိုင်းပြည် ငါတို့ရဲ့အင်ပါယာ
ပိုမိုကြီးပွားလာစေရမယ် "
YOU ARE READING
The Convict Of Hate
Historical Fictionဤအမုန်းတရားကို ငါဘက်ကစတင်ခဲ့ခြင်းဖြစ်တယ် ထိုလူသားရဲ့အမုန်းတွေက ကြောက်စရာကောင်းမှန်းသိပေမယ့် ထိုလူသားရဲ့အမုန်းတရားတွေထက် ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေက ပိုမိုကာပြင်းစေသော် ငါ့ကိုမုန်းတဲ့အမုန်းတွေကို မင်းအတွက် သီးသီးသန့်သန့်ဖြစ်တည်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ...