Ep 26 Final

2.6K 157 15
                                    

ချုံအန်းတိုင်းပြည်တွင်

" မင်းကြီး သဝဏ်လွှာနဲ့အတူ
လက်ဆောင်သေတ္တာ တစ်ခု
ရောက်ရှိနေပါတယ် "

" ဘယ်ကလဲ "

" ဘာမှတော့ ရေးသား
ဖော်ပြထားခြင်း မရှိပါဘူး
မင်းကြီး ကင်ချုံအန်း သို့
လက်ဆောင် ဆိုတဲ့
စာပဲရေးထားပါတယ် "

" အေးအေး....
ထားခဲ့ပြီး သွားတော့ "

ကင်ချူံအန်း အမှုထမ်းလာပေး
သော လက်ဆောင်သေတ္တာ
ကိုဖွင့်ကြည့်လိုက်သောအခါ

" ဟင်...."

ကင်ချူံအန်း အံ့သြလွန်းသဖြင့်
နုတ်ဖျားမှ အာမေဋိတ် အသံ
တောင်ထွက်မိသည်

" ဒါ..........ငါတို့ရဲ့
လျှို့ဝှက်အသားတံဆိပ်ခတ်
ထားတဲ့ မြှားဦးပဲ "

ကင်ချုံအန်း ဆီသို့ရောက်ရှိလာသည်
မှာ မြှားဦးချွန်လေးတစ်ခုပင်
မြှားပေါ်မှာလဲ သူတို့ကိုယ်ရံတော်
တပ်ဖွဲ့ ရဲ့လျှို့ဝှက်အသား
တံဆိပ်ပါနေသည် ကင်ချူံအန်း
သေတ္တာထဲဆက်ရှာလိုက်တော့
စာလေးတစ်စောင် ပါတွေ့ရသည်
စာကိုဖွင့်ဖတ်ကြည့်ရာ

" ကင်ချုံအန်း
မင်းအပေါ် အရင်ကငါပြုမူခဲ့တာ
တွေအားလုံး ဒီကိစ္စနဲ့
သင်ပုန်းချေရအောင်
ကင်ဆော့ဂျင် "

" ကင်ဆော့ဂျင်......
ကင်ဆော့ဂျင်.......... "

ကင်ချုံအန်း ဆော့ဂျင် နာမည်ကို
တဖွဖွ ခေါ်ဆိုရင်း လက်ထဲတွင်
ကိုင်ထားသော စာကိုလုံးခြေ
ပစ်လိုက်သည်

" အပြင်မှာ ဘယ်သူရှိလဲ "

" ဘာမိန့်စရာရှိလို့ပါလဲ
မင်းကြီး "

" ကိုယ်ရံတော် လီ ကို အမြန်
သွားခေါ်စမ်း "

" ဟုတ်ကဲ့....."

အမှုထမ်းလဲ ကိုယ်ရံတော်ကို
ခေါ်ရန်ထွက်သွားတော့သည်
ခဏအကြာမှာ

" မင်းကြီး ကျွန်တော့်ကို
ဆင့်ခေါ်တယ်ဆို..."

" ဗုန်း...."

ကင်ချူံအန်း စိတ်တိုပြီး
ကိုယ်ရံတော်လီ စကားအဆုံး
မခံပဲ သူကိုယ်တိုင် ထကာ
လက်သီးဖြင့်ထိုးလိုက်သည်
အားပြင်းသွားသောကြောင့်
ကိုယ်ရံတော်လီ တစ်ချက်တည်း
နဲ့ကြမ်းပြင်သို့လဲကျသွားသည်

The Convict Of Hate Where stories live. Discover now