Ep 10

1.6K 182 4
                                    

( ခင်ဗျားရဲ့နှလုံးသားကိုသိခွင့်ရလိုက်ပြ်ီ )
~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင်လဲပြေးသွားသောထေးယောင်းကိုကြည့်ရင်း " ချစ်ခြင်းမေတ္တာ " ဆိုတာ ဝေါယာရလေးကိုရေရွတ်မိတော့သည်

အဓိပ္ပါယ်ကိုလေးနက်စွာမသိသေးပေမယ့်လည်း ထေးယောင်းကိုကြည့်ရင်း " ချစ်ခြင်းမေတ္တာ " ဆိုတဲ့ဝေါဟာရလေးက အင်မတန်မှ
ကာရန်နဘေညီလှသည်

ဆော့ဂျင်လဲထေးယောင်းသို့ကျရောက်နေသောမျက်ဝန်းတွေမှရုန်းထွက်ပြီးထိုနေရာကနေကျောပေးထွက်လာခဲ့သည်

ထေးယောင်းသူ့ရဲ့ခြေလှမ်းတွေကိုရုတ်တရက်ရပ်လိုက်ကာဆော့ဂျင်ရှိရာသို့ သမင်လည်ပြန် ကြည့်လိုက်မိသည်

" ခင်ဗျားကို ကျေးဇူးတင်ပါတယ် "

စိတ်ထဲမှာအမြင်မကြည်ဘူးဆိုပေမယ့်
ထိုစကားတစ်ခွန်းကတော့ရင်ထဲကနေအလိုအလျောက်ထွက်ကျလာတဲ့စကားလေးသာဖြစ်သည်

ထေးယောင်းလဲသူ့အမေရဲ့အဆောင်ရှေ့ကိုရောက်တော့

" မယ်တော် မယ်တော်....."

ထေးယောင်းခေါ်သံကြားတော့ထေးယောင်း
အမေလဲအဆောင်ထဲကထွက်လာခဲ့သည်

" သား...."

" မယ်တော် "

သားအမိနှစ်ယောက် စကားထပ်အလုပ်ကပိုမြန်ကာ ထေးယောင်းသူ့အမေရဲ့ရင်ခွင်ထဲကို
ဝင်ကာအလွမ်းသယ်လိုက်သည်

" သား....ရယ်....မယ်တော်လွမ်းနေခဲ့တာ "

" ကျွန်တော်လဲအတူတူပါပဲ မယ်တော် "

ခဏတာလောက်အလွမ်းသယ်နေခဲ့ကျသည်

" လာလေ....သား
အထဲဝင်ရအောင် "

သူ့ရင်ခွင်ထဲမှာကလေးတစ်ယောက်လိုဖက်တွယ်ပြီးငိုနေသောထေးယောင်းကိုပြောလိုက်သည်

ထေးယောင်းနဲ့သူ့အမေလဲအခန်းဆောင်ထဲသို့ဝင်လာကျသည် အခန်းထဲရောက်တော့
သားအမိနှစ်ယောက် မျက်နှာချင်းဆိုင် အနေအထားဖြင့်ထိုင်လိုက်ကျသည်

" မယ်တော် အဆင်ပြေရဲ့လား
မယ်တော်ကိုရော သူတို့နှိပ်စက်ကျသေးလား
အစားအစာတွေရော ပုံမှန်ကျွေးရဲ့လား
မယ်တော်ကိုရော ကောင်းကောင်းမွန်မွန်
ပြောဆိုဆက်ဆံရဲ့လား "

The Convict Of Hate Where stories live. Discover now