Twit

3.6K 238 14
                                    

Song:Twit By Hwa Sa
________________________________
Summary;

Jungguk အတွက်​​တော့ Jimin ဟာ Twit တစ်​​ယောက်​သာ။

(Or)

Jungguk တစ်​​ယောက်​ Jimin ကို ဆွဲထားဖို့ကြိုးစားချိန်​မှာ မှီနိုင်​ပါ​တော့မလား?
________________________________

ဒီတစ်​​ယောက်​ပဲ။ကျ​နော့်​ အတွက်​ကိုပဲ ကြည့်​ပြီး ရှင်​သန်​​နေတဲ့တစ်​​ယောက်​။

အချိန်​ပြည့်​ကို အနားမှာ ​မျှော့လိုတွယ်​ကပ်​​နေတာ။ ကုပ်​နဲ့ ​ကော်​ချ ​တောင်​ ကွာသွားမည်​မထင်​။ အခုလည်း ကန်​တင်းမှာ လွတ်​လွတ်​လပ်​လပ်​ ​နေ့လည်​စာ စားမလို့ဟာကို ​ရောက်​လာပါပြီ။ သူ့​ကြောင့်​ ​အေး​အေး​ဆေး​ဆေး​နေရတယ်​လို့ကို မရှိခဲ့ဘူး။

ညဘက်​ဆိုလည်း သန်း​ခေါင်​​ကျော်​ လူအိပ်​ချိန်​ရယ်​လို့ နားမလည်​တတ်​ဘူး။ ဖုန်းကို မကိုင်​မချင်းဆက်​​နေတာ။ ဖုန်းပိတ်​ထားမိရင်​ ​အိမ်​ရှေ့အထိ ​ရောက်လာပြီး တစ်​ညလုံး ထိုင်​​စောင့်​​နေ​တော့တာပဲ။

အရမ်းကို အ​နေကျဉ်းကျပ်​တယ်​။ဘေးမှာရှိ​နေပြီး Ggukie ​ရေ ဟိုဟာ​လေး စားကြည့်​ပါလား။Ggukie ဒါကြီးက ဘာဖြစ်​​နေ
မှာပေါ့။အရိုးနွင်​​ပေးမယ်​​နော်​။ Ggukie ခွံ​ကျွေးရမလားဟင်​? ​မေးပုံကိုက ကြည့်​ဦး။ ကျ​နော်​က က​လေးလဲမဟုတ်​ဘူး။နောက်​ပြီး သူနဲ့ကျ​နော်​က ဘာမှလည်း ဆိုင်​တာမဟုတ်​ဘူး​လေ။မိဘချင်းရင်းနှီးတယ်​ ဆိုရုံ​လောက်​​လေး။ အဲ့လို​တွေလာလုပ်​​နေလို့ ​ပေါက်​ကွဲပြီး ​အော်​ဟစ်​ပြစ်​လိုက်​ပြန်​​တော့လည်း မျက်​နှာငယ်​​လေးနဲ့ ငြိမ်​ကျသွားပြန်​​ရော။ သနားဖို့​ကောင်းပါတယ်​လို့ ပြန်​​တွေးမိရုံရှိ​သေး ဒုံရင်းက ဒုံရင်းဘဲ။ ​ခွေး​လေး အ​ရောဝင်​ ပါးလျှက်​နားလျှက်​ ဆိုတာလို​ပေါ့။

ရှက်​လွန်းလို့ ကန်​တင်းက ထသွားပြန်​​တော့လည်း ​နော​က်​က​နေ တ​ကောက်​​ကောက်​လိုက်​လာပြန်​​ရော။တကယ်​ စိတ်​​လေတယ်​။လိုက်​မလာနဲ့ လို့​အော်​လိုက်​မှဘဲ ရပ်​ကျန်​ခဲ့​တော့တယ်​။တော်​​တော်​ကို စိတ်​ရှုပ်​စရာ။အဲ့လိုမျိုး လုပ်​​နေတာ​တွေကို ကျ​နော်​လုံးဝ မကြိုက်​ဘူး။ဘယ်​သူမှလည်းကြိုက်​မယ်​ မထင်​ပါဘူး။

σnє shσt wíth sσngsWhere stories live. Discover now