Melancholy

1.5K 133 12
                                    

Summary;

သည်းငယ်...
ဇလပ်ဖြူတွေနဲ့ မောင် စောင့်နေတုန်းပဲ။
__________________________________

December, 2016

" လူနာအမှတ် 0113 "

သေးငယ်သော အပေါက်ငယ်ထဲမှ တစ်ဆင့်ဖြာကျနေသော နေရောင်ခြည်တန်းသာ အခန်းထဲရှိနေသည်။သံတိုင်သုံးချောင်းကာထား သော ထိုအပေါက်ငယ် မှတစ်ဆင့် ပြင်ပကို ငေးမောနေသည့်သူအား ဘေးမှ သူနာပြုမလေးက ဆွဲခေါ်နေ၏။ဤ လူနာသည် ဆေးရုံသို့ရောက်တာ နှစ်လလောက်ပဲရှိသေး
သည်။

ထိုလူသည် အခြားလူနာများအတိုင်း အပေါ်အောက် အဖြူရောင် ဘောင်းဘီနှင့် အင်္ကျီကို ဝတ်ဆင်ထားသည်။အညိုရောင် ဆံနွယ်တို့က နှဖူးပြင်ကျော်လို့ မျက်လုံးအရှေ့ထိပါ ရိုးတိုးရိပ်တိတ် ကွယ်နေလေ၏။အကြည့်တွေက မှေးမှိန်နေပေမယ့် တစ်စုံတစ်ရာကို မျှော်လင့်နေသေးသလိုပင်။

ဘာ့ကြောင့်ဘယ်လိုရောက်လာခဲ့တယ်ဆိုတာ မသိရပေမယ့် အမြဲငေးမောနေတတ်သည်။
နှုတ်မှလည်း အမည်နာမတစ်ခုအားနင့်သီးစွာရွတ် ဆိုနေတတ်၏။မေးလျှင်လည်းမဖြေ။

ယခုလည်း မနက်၈နာရီရှိနေပြီ ဖြစ်၍ ဆေးစစ်ရန် လာခေါ်ခြင်းအား မလိုက်၍ အခက်တွေ့နေရချေပြီ။

ဆွေးရီနေသော မျက်ဝန်းအိမ်များက ခြောက်သွေ့နေသော ဇလပ်ပန်းတစ်ပွင့်နှယ်။
နှုတ်ခမ်းလှုပ်ရုံ ရွတ်ဆိုနေသော အမည်ကား....

သည်းငယ်~

သူသည်တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေခြင်းပါ...
ကတိပေးသွားသောသူတစ်ဦး အား မည်သို့သော အခြေအနေပင်ဖြစ်လင့်ကစား စောင့်ဆိုင်းနေတုန်းပင်..။

ရူးအောင်ကတိတွေပေးခဲ့တာလဲ သည်းငယ်ပဲ...
မောင့်ရင်ခွင်မှာပဲ အချိန်တိုင်း ခိုလှုံချင်တယ်ပြော တာလဲသည်းငယ်ပဲ...
ပြန်လာပါ့မယ်လို့ တစ်ထစ်ချပြောခဲ့တာလဲ သည်းငယ်ပဲ...
တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ လူတွေပြောနေကြတဲ့အကြောင်းကို မဟုတ်ဘူးလို့ လာရှင်းပြရမှာ သည်းငယ်ပဲလေကွာ...
သိပ်ရက်စက်တယ် သည်းငယ်..
မောင်မင်းကို သိပ်ချစ်မှန်းသိလို့ ဒီလို လုပ်ချလိုက်တာပေါ့ ဟုတ်လား?

σnє shσt wíth sσngsWhere stories live. Discover now