Song-Galaxy (우주를 줄게) By Bolbbalgan4 (볼빨간사춘기)
_______________________________
Summary;
ကျနော်က Jungkook hyung ရဲ့ လေယာဉ်မှူးလေး..
စကြဝဋ္ဌာထဲမှာရှိရှိသမျှ နေရာတိုင်း ခေါ်သွားပေးမယ်..
ကြယ်ပျံတွေ ခူးယူပေးမယ်..
အလင်းနစ်သန်းပေါင်းများစွာ ထိခေါ်ဆောင်သွားပေးမယ်..။Warning-Jungkook က ဒီ oneshot ထဲမှာ Jiminထက် အသက် ပိုကြီးပါတယ်။
_______________________________အာ~~
ကော်ဖီတွေ သောက်တာများသွားပြန်ပြီ ထင်တယ်။ညသန်းခေါင်ယံ မှိတ်လို့မရတဲ့ မျက်ဝန်းအစုံကို ပွတ်သတ်ရင်း ညည်းညူမိသည်။ သည်လို အချိန်မျိုးလောက် ငိုချင်မိတာ မရှိတော့။အခန်းဖြူဖြူလေးထဲမှ အိန်ဂျယ်လို အဖြူရောင်ကောင်လေး တစ်ယောက် ခုတင်ပေါ် ဟိုဘက်ရွှေ့လိုက် ဒီဘက်လှိမ့်လိုက်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေရှာသည်။
လိုက်ကာဖြူဖြူများကို ဖွင့်ထားမိတာမို့ လေယူရာ ယိမ်းနွဲ့လျှက်ရှိနေကာ အပြင်ကို တိုက်ရိုက်မြင်နေရသည်။လက်ဖဝါးဖောင်းဖောင်းများဖြင့် အုပ်ထားသော မျက်ဝန်းလေးများကို ဖွင့်ရင်း ပြတင်းပေါက်ကို တစ်ချက်ကြည့်လိုက်ရာ အံ့မခန်းဖွယ် ကြယ်များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် နဂိုမှ ကြောင်နေသောမျက်စိ လုံးဝမမှိတ်နိုင်ဘဲ ဖြစ်သွားရတော့သည်။
ခေါင်းမိုးထက်သို့ စောင်ဝါလေးကို ခြုံရင်း တတ်လာမိသည့် Jimin။
ကြယ်လေးများက မှိတ်တုတ် မှိတ်တုတ်ဖြင့် ကိုယ့်အနီးအနားတွင်ပင် ထွက်ပေါ်နေသယောင် လှရက်လွန်းနေသည်။ကြယ်ပျံလေးများကို လိုက်ကြည့်ရင်းဆုတောင်းမိသည်က အမော။ အင်း..ဘာဆုတောင်းနေတာလဲ လို့မေးရင်တော့ တစ်ခုတည်းပါ။
အမြဲမပြောင်းလဲ တောင်းခဲ့တဲ့ ဆု။
Jungkook Hyung နဲ့ အမြန်ဆုံးပေါင်း ဖက်ရပါစေ...လို့ပေါ့။Jungkook Hyung။
Jimin ထက် သုံးနှစ်ကြီးသော စီနီယာ အကိုတစ်ယောက်။တွေးမိရင်တောင် Jimin တစ်ယောက်ရင်ခုန်နေရပါသည့် သူတစ်ဦးပင်။ဒီလိုညမျိုးဆို Jungkook hyung ကို သူ့ဘေးမှာ ရှိနေစေချင်သည်။