Part-1:TaoXing Version

3.9K 132 0
                                    

အချစ်ဆိုတာဒီလိုပဲပြောင်းလဲတတ်လားဗျာ လူတွေအားလုံးပြောင်းလဲသွားရင်တောင်သူကတော့ပြောင်းလဲမှာမဟုတ်ဘူးလို့ထင်ထားခဲ့တာ တချိန်က ကျွန်တော့်ရင်ခွင်ထဲကသူကအခုတော့ကျွန်တော့်မဟုတ်တဲ့တခြားတစ်ယောက်ဆီမှာပျော်နေပြီပေါ့လေ ကျွန်တော်ဆုပ်ကိုင်ဖူးတဲ့သူ့လက်လေးတွေလည်းအခုတော့တခြားတစ်ယောက်ဆီရောက်သွားပြီပေါ့ အရင်က ကျွန်တော်တစ်ယောက်တည်းကိုသာမြင်တတ်တဲ့သူ့မျက်ဝန်းတွေကအခုဆိုတခြားလူတစ်ယောက်ကိုပါမြင်တတ်သွားပြီပဲ အင်းလေ ၃ နှစ်ဆိုတဲ့အချိန်ကလူတစ်ယောက်ကိုပြောင်းလဲရုံသာမက အချစ်တစ်ခုကိုပါပြောင်းလဲစေခဲ့ပြီပဲ

××××××××××××××××××××××

~~Flashback~~

ကျွန်တော်ဒီသတင်းကိုသူ့ကိုဘယ်လိုပြောပြရမလဲ အစောကတည်းကပြင်ဆင်ထားပြီးသားဆိုပေမယ့် ဒီလောက်ကြီးမြန်လိမ့်မယ်လို့မထင်ထားမိတာတော့အမှန်ပါ သူသိသွားရင်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး

"Xing ပြန်လာပြီလား ဘာဖြစ်လို့လဲ Xing မျက်နှာလည်းမကောင်းပါလား"

ကျွန်တော့်မျက်နှာမကောင်းလို့စိတ်ပူပေးနေတဲ့သူ့ကိုကျွန်တော်ဘယ်လိုလုပ်ပြောထွက်မလဲဗျာ ကျွန်တော်သူ့ကိုကျွန်တော့်ရင်ခွင်ထဲမှာဆွဲပွေ့ထားလိုက်တယ်

"Xing ဘာဖြစ်လာတာလဲဟင်"

"Tao yah... ခဏလောက်ဘာမှမမေးပါနဲ့လားဟင်"

သူ ကျွန်တော်ပင်ပန်းနေမှန်းသိလို့

ကျွန်တော်ကိုဘာမှထပ်မမေးတော့ပါဘူး ရုတ်တရက်ကျွန်တော်အမြင်အာရုံတွေဝေဝါးလာတယ် အာကျွန်တော်ငိုနေတာပဲ

ကျွန်တော်သက်ပြင်းတစ်ရှိုက်ရင်းစကားပြောဖို့ပြင်လိုက်တယ် ဒါပေမယ့်...

"Xing သွားရတော့မယ်မဟုတ်လား"

"ဟင် Tao မင်း...မင်းဘယ်လိုလုပ်သိတာလဲ"

"ကျွန်တော်ကခင်ဗျားရဲ့ stalker ပါဗျ ဒါနဲ့ကျွန်တော်ကိုစိတ်ပူနေတာမဟုတ်လား စိတ်မပူပါနဲ့ဗျာကျွန်တော်က ကလေးမှမဟုတ်တော့တာ"

သြော်ကလေးရယ် ဘယ်လိုလုပ်စိတ်မပူဘဲနေနိုင်ပါ့မလဲ ကိုယ်မရှိဘဲမင်းတစ်ယောက်တည်းဘယ်လိုများနေမလဲ

Only Hard For MeWhere stories live. Discover now