Part-2:TaoRis Version

2.4K 142 2
                                    

"ဟားဟား ယောကျာ်းဖြစ်ပြီးဒါလေးတောင်သတ္တိမရှိဘူးလား"

"ဟာ ဒီကောင်ငိုနေတာလား သူ့ကျောပိုးအိတ်ထဲကိုပိုးဟပ်တွေထည့်"

"ယောက်ျားဖြစ်ပြီးငိုရတယ်လို့ ဟားဟား ဟားဟား"

ကလေးငယ်များတစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြသည် သူတို့အလယ်တွင်ကားသူတို့ထက်ငယ်ပုံရသောကောင်လေးတစ်ယောက် ......

ခဏကြာတော့ ထိုကလေးအုပ်စုနှင့်ရွယ်တူကောင်လေးတစ်ယောက်ရောက်လာသည်

"Panda~~~"

ထိုကောင်လေးကိုမြင်သောအခါ ခုနက ကလေးအုပ်စုထွက်ပြေးသွားသည် ဟုတ်ပါသည် ထိုကောင်လေးကခုနက ကလေးအုပ်စုထဲကကလေးအားလုံးထက်အရပ်လည်းရှည်သည် ခန္ဓာကိုယ်ကလည်းပိုထွားကြိုင်းသည် ရန်ဖြစ်လျှင်သူတို့အရေးမသာနိုင်ကြောင်းသိပုံရသည်

"Panda~~~"

ပြောပြောဆိုဆို ငိုနေသောကောင်လေးဆီသို့ပြေးသွားလိုက်သည်

"Gege......"

"Panda ရယ် မင်းကိုသူတို့အနိုင်ကျင့်ပြန်ပြီလား ဘာလို့ စစ္စတာတွေနဲ့သွားမတိုင်ရတာလဲ"

"Gege...ge ကရောဘယ်တွေသွားနေရတာလဲ"

"Ge က စစ္စတာကြီးနဲ့ဈေးဝယ်လိုက်သွားရတာလေ ဒီမှာ ge ဘာဝယ်လာတယ်ထင်လဲ"

ပြောရင်းသူ့လက်ထဲက ပန်ဒါရုပ်လေးအားကောင်လေးထံပေးလိုက်သည်

"အားးး ပန်ဒါရုပ်လေးပဲ"

ကောင်လေးကသဘောကျစွာပြုံးလိုက်သည်

ခဏကြာတော့မှ

"ကျွန်တော့်အတွက်ဒါတွေမလိုပါဘူးဗျာ နောက်ဆိုကျွန်တော့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ဗျာ"

"အော် ကလေးရယ်"

××××××××××××××××××××××

"ကဲ ဒီနေ့ကျောင်းကိုအလှူရှင်လင်မယားနှစ်ယောက်လာလိမ့်မယ် သူတို့ရဲ့တစ်ဦးတည်းသောသားလေးကမနှစ်ကကူးစက်ရောဂါကြောင့်ဆုံးသွားတာ သူတို့ကလေးမွေးစားဖို့လာရှာလိမ့်မယ် အားလုံးပဲမွေးစားခံရဖို့အကောင်းဆုံးကြိုးစားကြပါ"

Only Hard For MeWhere stories live. Discover now