BB နိုးလာတော့ နေဝင်ခါနီးနေပြီ ဖြစ်သည်
BB - ငါ အိပ်ပျော်သွားတာ ထင်တယ် ရေချိုးမှပဲ
BB တစ်ယောက် ရေမိုးချိုးကာ လုပ်စရာ မရှိသောကြောင့် TV သာ ကြည့်နေလိုက်သည်
တစ်ဖက်ရှိ Mark မှာလည်း ရက်ရှည် နားရန်အတွက် အလုပ်များကို အမြန်ပြီးအောင် ကြိုးစားနေသည်
BB TV ကြည့်ရတာ ညောင်းလာသောကြောင့် မီးဖိုချောင်ထဲ ဝင်၍ ခေါက်ဆွဲပြုတ်ဖို့ လုပ်ရင်း နာရီကို ကြည့်လိုက်သည်
BB - ၁၀ နာရီတောင် ခွဲနေပြီ ခုထိ ပြန်မရောက်သေးဘူး
ဤသို့ တွေးမိသည်နှင့် နေ့လယ်က ပုံရိပ်က မျက်လုံးထဲ ဝင်ရောက်လာသည်
BB - တော်စမ်း BB ဘာမှ လျှောက်တွေးမနေနဲ့ မေ့လိုက် အကုန်လုံးကို မေ့လိုက် သူ့ကို ချစ်ဖို့ ကြိုးစားနေတာတွေရော သူက ချစ်တယ်လို့ ပြောတာတွေရော အကုန်မေ့လိုက် ငါ့မှာလည်း ဘာလုပ်လုပ် သူ့အကြောင်းပဲ တွေးနေမိတယ် ဘာမှ မဆိုင်တဲ့ နာရီကြည့်တာတောင်..............
BB တစ်ယောက်တည်း ရွတ်နေရင်း မျက်ရည်ကျလာပြန်သည်
BB - ကျစ် ဒီမျက်ရည်ကလည်း အရေးထဲ sigh တော်ပြီ မစားတော့ဘူး
BB ခေါက်ဆွဲထုပ် နှင့် အိုးကို ထားခဲ့ကာ အပေါ်ထပ်သို့ တက်သွား၍ တစ်ဖန် အိပ်စက်ခြင်း ဆီသို့
Mark မှာလည်း အလုပ်ကို ကြိုးစားပန်းစား လုပ်နေသဖြင့် ၁၁ နာရီမှ အကုန် ပြီးတော့သည်
Mark - နောက်ဆုံးတော့ ပြီးပြီ ကဲ ပြန်တော့မယ် အချစ်ရှိရာဆီ
Mark အိတ် နှင့် ကားသော့ ဆွဲကာ အမြန်သွားတော့သည်
Mark အိမ်ရောက် သောအခါ တစ်အိမ်လုံးက တိတ်ဆိတ်နေသည့်အပြင် မှောင်မဲနေသည်
Mark - ကလေး အိပ်နေပြီ ထင်တယ် မီးက ဘာလို့ ပိတ်ထားတာတုန်း ခါတိုင်းလည်း ဖွင့်ထားနေကျကို မဟုတ်မှ ကလေး တစ်နေရာရာ သွားနေတာလား
Mark တစ်ယောက် မီးဖွင့်ကာ ရေသောက်ရန် မီးဖိုချောင်ထဲ ဝင်လာလိုက်သည်
မီးဖိုချောင် ထဲရောက်သောအခါ BB ပစ်ထားသော ခေါက်ဆွဲထုပ်များကို မြင်လိုက်သောကြောင့် စိုးရိမ်မှုက မြင့်တက်သွားသည်
YOU ARE READING
My Mrs. Husband ( Markbam )(Complete)
RomanceBB. မားအရမ်းရက်စက်တယ် 18 နှစ်ဆိုတာ ပျော်ဖို့ ကောင်းတဲ့ အရွယ်ကို ယောက်ျား ယူခိုင်းတယ် ရည်းစားမထားခဲ့တာတောင် နောင်တရမိတယ် Mark. တစ်ခါမှ မမြင်ဖူးတဲ့ လူနဲ့ လက်ထပ်ခိုင်း ပြီးရင် ယောက်ျားလေးတဲ့ တော်သေးတယ် ရည...