Five 🔮

8.7K 881 99
                                    

The Mystery Between Us ✨
.
.
.
.
.
သုံးရက်ရှိပြီ...

(Baekhyun) တကောင် စာမေးပွဲအပြီး
ကျောင်းဆယ်ရက်ပိတ်ထားတာမို့
အိမ်မှာနေရင်း ပျင်းကြောဆန့်ကာ
ဖုန်းထဲမှ ဂိမ်းအမျိုးမျိုးကို
လယ်ဗယ်များများတက်ပြီး
Rank အမြင့်ဆုံးထိရောက်အောင်
ပြူးပြဲဆော့နေရင်း အိပ်လိုက် စားလိုက်
လုပ်နေတာ သုံးရက်ရှိပြီ

Mini Mart မှာ အချိန်ပိုင်းလုပ်နေတဲ့
Omma ကတော့ အိမ်ပြန်လာလိုက် ပြန်သွားလိုက်လုပ်နေတာမို့ သားတော်မောင်
ဂိမ်းအဆက်မပြတ်ဆော့နေတာကို
ဆူဖို့အချိန်မရတာကြောင့် ဘေးမဲ့ပေးထားရ
လေသည်

မျက်စိနှစ်လုံးပွင့်ချိန်တိုင်း
ဂိမ်းဆော့နေတတ်တာရယ်...
တခါတရံ သူစားချင်တာ မစားရရင်
ဂျီကျဂျစ်တိုက်တတ်တာရယ် ကလွဲလို့
သူ့သားဗြောင်ဘတ်လေးသည် ပြောင်းလဲမှု
တစုံတရာ မရှိဟု Mama Byun ယူဆသည်

ပြောင်းလဲမှုကြီးကြီးမားမားဆိုလို့
တခုသာ ရှိသည်...

အမေကို မှန်အကြီးကြီး တချပ်ဝယ်ခိုင်းပြီး
ဂိမ်းဆော့နားတဲ့အချိန်တွေမှာ သူ့ရုပ်သူ
တစိမ့်စိမ့် ထိုင်ကြည့်ရင်း ပြုံးလိုက်မဲ့လိုက်
ရုတ်တရက်ကြီး ထရယ်လိုက်
သက်ပြင်းချလိုက် ဖြစ်နေတာပင်

'' Anneyonghaseyo Omoni ...''

ဆိုင်ပြန်သွားဖို့ အိမ်ကအထွက်မှာ လိမ်မာ
ယဉ်ကျေးလှသော အသံချိုချိုလေးကြောင့်
လှည့်ကြည့်မိစဉ် ဘတ်ဘတ်လေး
သခွားသီး Allergy ဖြစ်တဲ့နေ့က
ဆေးရုံစောင့်ပေးခဲ့သော Chanyeol ခေါ်
ချန်းလေး ဖြစ်ကြောင်းမှတ်မိလိုက်သည်

'' အော်...သားလေး Baekhyun ဆီ
လာလည်တာလား ''

'' Nae...Omoni နေကောင်းပါရဲ့လား
ခင်ဗျ ''

'' ကောင်းတယ်သား...အထဲဝင်သွားလေ
သားသူငယ်ချင်းကတော့အိပ်ရာထဲက
မထသေးဘူး...ညက ဂိမ်းအဆော့ကောင်းနေတာ မနည်းအိပ်ခိုင်းရတယ် မိုးလင်းခါနီးမှ
အိပ်လိုက်တာ သိုးလို့''

'' Nae...Omoni ဒါလေး...''

(Chanyeol) ကမ်းပေးသော ပိတ်ပါးစနဲ့
ထုတ်ပိုးထားတဲ့ဗူးလေးကိုကြည့်မိတော့
Mama Byun အံ့အားသင့်သွားရသည်

 The Mystery Between Us 💗 ( Zgi+Uni)  {Completed}Where stories live. Discover now