Twenty-Nine 🔮

4.8K 536 94
                                    

The Mystery Between Us✨
.
.
.
.
.
.
ညဦးယံ အချိန်...

အိမ်ပတ်ဝန်းကျင်တခုလုံးမှာ ပုရစ်သံတစီစီ
လေးတွေနဲ့ တခါတရံဖြတ်သွားဖြတ်လာရှိ
သော ကားတစီးတလေကြောင့်သာ အသံသဲ့သဲ့တို့ထွက်ပေါ်လာသော်လည်း အခြား
တပါးသော အသံတို့သည် လုံးဝဆိတ်သုန်း
လျက်ရှိသည်။

အိပ်ခန်းတံခါးကို အသံမထွက်အောင်ဖွင့်ကာ
စာကြည့်ခန်းဖက်သို့ခြေသံဖွဖွနင်း၍
ထွက်လာသူသည် ညအချိန်၏ တိတ်ဆိတ်
ုငြိမ်သက်မှုကို မနှောင့်ယှက်စိမ့်သောငှာ
မိမိတသက်လုံးနေခဲ့သော အိမ်ထဲရှိ
နေရာတိုင်းကို မှတ်မိနေသူပီပီ အဖြူရောင်
ဝိဥာဉ်လေးတခုရွေ့လာသည့်အတိုင်း
အမှောင်ထုထဲတွင် ခပ်ဖြည်းဖြည်းလှုပ်ရှားရင်း
စာကြည့်ခန်းတံခါးကိုဖွင့်၍ ဝင်သွားလေသည်။

အထဲရောက်ပြီးနောက် အခန်းမီးကိုမဖွင့်ပဲ
စာကြည့်မီးအိမ်လေးတလုံးဖွင့်လိုက်သော
ဆင်စွယ်ရောင်လက်ကလေးတဖက်ကြောင့်
ဝါကြန့်ကြန့် မီးရောင်ငယ်လေးသည်
အခန်းထဲရှိပစ္စည်းများကို မြင်သာလောက်ရုံ
လေး ထွန်းလင်းပြလာခဲ့သည်။

ဒီအခန်းကို စာကြည့်ခန်းဟုသာ အမည်ပေးထားသော်လည်း သူ့နာမည်နဲ့လိုက်တာဆိုလို့
စားပွဲခုံတလုံးပေါ်က ချန်း ဖတ်ကြည့်နေကြ
စာရွက်စာတမ်းတချို့ရယ် စာကြည့်မီးအိမ်
တလုံးရယ်သာ ရှိလေသည်။

ဒီခုံပေါ်က ဘယ်အရာကိုမှ Baekhyun
စိတ်မဝင်စားသော်လည်း အခန်းထောင့်
တနေရာမှာကပ်ထားသော သူ့ခါးလယ်
လောက်မြင့်သည့် မီးခံသေတ္တာကြီးသည်
ဤသို့သော ညလယ်ခေါင်ကြီးမှာ သူ့ကို
အိပ်ရာကထပြီး တစုံတခုလာရောက်ရှာဖွေ
စေသော အဓိကရင်းမြစ်ကြီးတခု ဖြစ်နေတာ
ကြောင့်ပင်။

'' ခြောက်...ဆယ့်...ငါး...''

'' တီ~~ ''

သူ့မွေးနေ့ကို ပထမဆုံး စကားဝှက်နှစ်လုံး
အဖြစ်ထည့်သွင်းရိုက်နှိပ်မိစဉ်မှာ
မှန်ကန်ကြောင်းအသိအမှတ်ပြုသည့်
အသံလေးထွက်ပေါ်လာသည်။

'' နှစ်...ဆယ် ...''

'' တီ~~ ''

ဘာကိုဆိုလိုမှန်းမသိသော နှစ်ဆယ်ဆိုသည့်
ဂဏန်းသည် မကြာခင်အသက်နှစ်ဆယ်ပြည့်
တော့မှာဖြစ်တဲ့ ချန်းက သူ့ကိုယ်သူ ဂုဏ်ပြု
တဲ့အနေနဲ့ password ထဲ ထည့်သွင်း
မှတ်ထားလေသလား ဟု တွေးထင်မိ
သော်လည်း သူ့အထင်မှာ သေချာမှုမရှိ။

 The Mystery Between Us 💗 ( Zgi+Uni)  {Completed}Donde viven las historias. Descúbrelo ahora