အပိုင်း2

1.2K 144 4
                                    

Taehyung အိမ်ပြန်ရောက်တာနဲ့
မိမိကိုယ်ပိုင် အခန်းရှိရာသို့ ဒုန်းဆိုင်းပြေးတက်တာ
လွယ်အိတ်ကို ဗုန်းခနဲ ပြစ်ချပြီး ကုတင်ပေါ်ကို အားရပါးရ လှဲချ၍ မျက်လုံးများကို ပိတ်ထားလျက်

*ငါ့ကို မင်းရည်းစားအဖြစ် တရားဝင်ပြောပြရမှာကို အဲ့လောက်တောင် မင်းအတွက် ခက်ခဲနေတာလား, ငါ့ ခံစားချက်ကို နည်းနည်းလေးမှ ထည့်မတွက်ဘူးလား Jungkookရယ်
မင်းကိုချစ်ရတာ ပင်ပန်းလိုက်တာ*

အတွေးတို့ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေရင်း
နေ့ခင်းက ကျောင်းမှာ ဖြစ်သွားသောကိစ္စကြောင့် Jungkookများ သူ့ကိုစိတ်ဆိုးနေလား ဆိုသော အတွေးဝင်လာခဲ့သည်။

*မဖြစ်သေးပါဖူး ဖုန်းဆက်ကြည့်ဦးမှပါ*

တီ

တီ

တီ

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် ...

"ဟာ အိပ်များပျော်နေလား မသိဖူး, ဒါမှမဟုတ် ငါ့ကို အရမ်းစိတ်ဆိုးနေလို့ ဖုန်းများ မကိုင်တာလား? မဖြစ်သေးပါဖူး, ထပ်ပြီး ခေါ်ကြည့်ဦးမှပါ"

"One & Only Kook" ဟူသော contact လေးကို ထပ်နှိပ်ဖို့ လက်က ထိခါနီးမှာပဲ "တင်" ခနဲ ဝင်လာသော message တစ်စောင်။

ဘယ်သူ့ဆီကမှ မဟုတ်
သူ့ရဲ့ One & Only Kook ဆီမှ။

*Message Conservation*

One & Only Kook
ကိုယ် မအားလို့, ဖုန်းကိုင်ဖို့ အဆင်မပြေသေးလို့ ဘေဘီ

Baby Tae
မသိပါဖူး။ ငါက မင်း စိတ်ဆိုးနေတယ် ထင်လို့

One & Only Kook
စိတ်ဆိုးအောင်လုပ်ထားပြီးတော့ စိတ်ဆိုးမှာကြောက်နေတယ်ပေါ့

Baby Tae
သူက အခုမှ ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားအသစ်လေ။ အဲ့တော့ ငါက ကျောင်းသားအသစ်အနေနဲ့ ကူညီပေးရမှာပေါ့ မဟုတ်ဖူးလား

One & Only Kook
မဟုတ်ဖူး။ အဲ့ဒါတွေ ကိုယ်နားမလည်ဖူး။ သူနဲ့ အပေါင်းအသင်း မလုပ်နဲ့ကွာ။ ကိုယ်မကြိုက်ဖူး

ငါတို့ရဲ့ လျှို့ဝှက်ချက်(KOOKV) Where stories live. Discover now