4

832 125 0
                                    

'ပင်​ပန်းသလား jongin'

'ကိုကို​လောက်​​တော့ ဘယ်​ပင်​ပန်းမလဲ... ကျွန်​​တော့်​ကို မ​နောက်​ပါနဲ့'

ကိုကိုက သူပြုံး​နေကျလို လှလှ​လေး ပြုံးတယ်​။ တကယ်​​တော့ jongin က ကိုကို့အပြုံး​တွေကို ကာကွယ်​​ပေးချင်​ခဲ့တာ...

'ကိုကိုတို့ ခဏပဲ သည်းခံရ​တော့မှာ'

jongin က ကိုကို့ကို ​မော့ကြည့်​လိုက်​တယ်​။ ပြီး ပြုံးပြတယ်​။

ကျွန်​​တော်​တို့ ​အေး​အေးချမ်းချမ်း ​နေရ​တော့မှာ...

================

'ဒါက ဘာသ​ဘောလဲ'

'မင်းကို အသိ​ပေးဖို့ ​နောက်​ကျသွားတာ... ဒီကွန်​ဒိုက အခုပဲ ပိုင်​ရှင်​​ပြောင်းသွားပြီ... အခုမြင်​တဲ့အတိုင်းပဲ... အထုပ်​​တွေ ပြင်​ပြီး မြန်​မြန်​သွား​တော့'

ကပျာကယာရှင်းပြ​နေတဲ့ တိုက်​ခန်းပိုင်​ရှင်​ကို jongin ဘာမှ​တောင်​ ​စောဒကမတက်​လိုက်​ရဘူး။ တိုက်​ခန်း​ရှေ့မှာ ရပ်​ထားတဲ့ ကားက ရင်းနှီးလွန်း​နေခဲ့တယ်​။

'oh sehun'

'မင်း ဘယ်​မှ ​ပြောင်းစရာမလိုဘူး... ဒီမှာပဲ ငါနဲ့အတူ​နေရမယ်​... ငါ ​ဘေးအခန်းမှာ ပစ္စည်း​တွေ ထည့်​ထား​ပေမဲ့ မင်း​နေတဲ့​နေရာမှာပဲ ငါ​နေမှာ... မင်း သိဖို့'

'ကျွတ်​စ်​'

'ပြီး​တော့... မင်း ဒီတိုက်​ခန်းက​နေ​ ​ပြောင်းရင်​လည်း ဘယ်​မှာမှ အဆင်​မ​ပြေ​စေရဘူး.. နားလည်​လား'

sehun က မှိုင်းညို့ညို့ကြည့်​ရင်း ​ဆက်​တိုက်​ပြောတယ်​။ jongin က ဝါး​နေတဲ့ ပီ​ကေကို ​ထွေးပစ်​လိုက်​တယ်​။ သူ့ပုံစံက ပျင်းတိပျင်းရွဲနဲ့....

'ုငါ အခုလို မလုပ်​ချင်​​ပေမဲ့ မင်းပဲ ငါ့ကို တွန်းအား​ပေးခဲ့တာ... jongin'

jongin က နှုတ်​ခမ်းစွန်းတစ်​ဖက်​နဲ့ ပြုံးပြီး sehun ပုခုံးကို တွန်းတိုက်​​လျှောက်​သွား​လေရဲ့။

'မင်းက ​ငါ့အခန်း​ဖော်​ ဖြစ်​ချင်​တာလား... အခန်းခ​တော့ တစ်​ဝက်​​ပေးရမယ်​​နော်​'

===============

အခန်းထဲမှာ jongin က ဖုန်း​ပြော​နေတယ်​။ ဒါ​ပေမဲ့ သူ့​လေသံက နူးညံ့ပြီး တိုးလွန်းလို့ ဘာသံမှကို မကြားရဘူး။ sehun က အခန်းကို ပတ်​ကြည့်​တယ်​။

ရိုးရှင်းလွန်းတဲ့ အပြင်​အဆင်​နဲ့ ပစ္စည်း​တွေက ရှုပ်​ပွ​နေ​ပေမဲ့ sehun က​တော့ ဒီမှာပဲ ​နေမှာ။ sehun က ဆိုဖာ​ပေါ်မှာ ထိုင်​​နေပြီး jongin ဖုန်း​ပြော​နေတာကို ​စောင့်​တယ်​။

'အခန်းခ တစ်​ဝက်​​ပေးရမှာ​နော်​... အကုန်​တစ်​ဝက်​စီပဲ'

'အင်းပါ'

jongin က စကားများများမ​ပြောဘဲ မီးဖိုခန်းထဲ ဝင်​သွားတယ်​။ sehun က အ​နောက်​က​နေ ငြိမ်​ငြိမ်​​လေး ရပ်​​နေတယ်​။

ဆန်​​ဆေး၊ ဟင်းရွက်​​တွေ​ဆေးပြီး ဟင်းချက်​ဖို့ လုပ်​​နေတဲ့ jongin ​ကြောင့်​ sehun စိတ်​လှုပ်​ရှားရသလိုပဲ။

'မင်း ဘာစားချင်​လို့လဲ... ငါ စားဖိုမှူး​တွေကို ခိုင်းလိုက်​မယ်​'

jongin က သူ့ကို ပြုံးကြည့်​တယ်​။ sehun နှလုံးရပ်​သွားပြီလို့​တောင်​ ထင်​လိုက်​မိတယ်​။

'အဲဒါ ငါ​မေးမလို့... မင်း ငါနဲ့အတူ စားမှာလား... ပိုချက်​ရမယ်​ဆို ကုန်​ကျစရိတ်​ တစ်​ဝက်​​ပေးရမယ်​'

ပြောရင်းနဲ့ ဆက်​တိုက်​အလုပ်​လုပ်​နေတဲ့ jongin ကို ကြည့်​ရင်း sehun က အသိမကပ်​သလို ​ခေါင်း​ တရစပ်​ညိတ်​​နေတယ်​။

'ငါတို့ အတူတူ စားကြမယ်​'

TBC ~



FALSEWhere stories live. Discover now