3

911 137 1
                                    

အထက်​တန်းပြီးဆုံးသွားတဲ့အထိ သူတို့​နောက်​ထပ်​စကားမ​ပြောဖြစ်​ကြ​တော့ဘူး။ ပိုပြီး တိကျရရင် sehun က စကားမ​​ပြောရဲ​တော့ဘူး။ ​အရာရာဟာ အရင်​အတိုင်းပဲ ရှိ​နေခဲ့တယ်​။

kim jongin ကလည်း သာမာန်​လူတစ်​​ယောက်​ဖြစ်​​နေဆဲ၊

oh sehun ကလည်း သူ့​နောက်​မှာ အမြဲရှိ​နေဆဲပဲ။

sehun ဟာ kim jongin ​နောက်​ကိုပဲ လိုက်​ဖို့ ဆန္ဒရှိ​နေခဲ့တယ်​။ ​ကျောင်းပြီးသွားတဲ့အခါ သူ ပထမဆုံးအကြိမ်​ jongin ​နေတဲ့ဆီကို ​ရောက်​လာခဲ့တယ်​။

သာမာန်​အိမ်​ခန်း​လေး တစ်​ခန်းပါပဲ။
jongin ဘာဆက်​လုပ်​မလဲ သူ သိချင်​ခဲ့တယ်​။

ပြီး​တော့....
သူက jongin ရဲ့ အနာဂါတ်​မှာ ပါဝင်​ချင်​လာတယ်​...

===================

စီးပွား​ရေးသင်​တန်းအချို့ကို စာရင်းသွင်းခဲ့တဲ့ jongin က သာမာန်​လူလို သိပ်​ဖြစ်​ချင်​​နေတယ်​။

သူလိုချင်​တဲ့ဘဝကို sehun နားမလည်​ပါဘူး။ sehun နားလည်​တာက kim jongin ဆိုတာ sehun လိုချင်​တဲ့ ပိုင်ဆိုင်ချင်တဲ့ ​​​ဘဝတစ်ခု​ပဲ။

မနက်​ခင်းတိုင်းမှာ ​ပေါင်​မုန့်​တစ်​လုံး ပါးစပ်​က ကိုက်​ပြီး ပြေးလွှား​နေတတ်​တဲ့ jongin က ညဥ့်​နက်သန်း​​ခေါင်မှ စီးကရက်​တစ်​လိပ်​ကိုခဲလို့ ​ ပင်ပင်ပန်းပန်း ​​​​ပြန်​လာတတ်​တယ်​။

တစ်​ခါတစ်​ရံ sehun ရှိ​နေတဲ့ ကားကို တစ်​ချက်​ ​စောင်းငဲ့ကြည့်​မယ်​....

jongin မှာ မိဘမရှိဘူး
ဆွေမျိုးမရှိဘူး
အစ်​ကိုတစ်​​ယောက်​ပဲ ရှိ​တယ်

....

အဲဒီညက jongin က အပြင်​ထွက်​လာတာမို့ sehun လည်း ​ဘေးက လိုက်​​လျှောက်​လာခဲ့တယ်​။ ​ဆေးလိပ်​​ငွေ့​တွေကို လှလှပပမှုတ်​ထုတ်​​နေတဲ့ jongin က ​ခေါက်​ဆွဲ​ထုပ်​တစ်​ချို့နဲ့ ဘီယာတစ်​ဗူးဝယ်​တယ်​။ ပြီး​တော့ ​ပေါင်​မုန့်​တစ်​ချို့.....

'အခုထိ ငါက မင်းနဲ့ သူငယ်​ချင်း မဖြစ်​နိုင်​​သေးဘူးလား'

'သူငယ်​ချင်း.... မင်းက ငါ့သူငယ်​ချင်း ဖြစ်​ချင်​တာလား'

sehun နှုတ်​ဆိတ်​သွားတယ်​။

'မဟုတ်​ဘူး'

'အိမ်ြ​ပန်​​တော့... ​နောက်​ကျ​နေပြီ'

'ငါ မပြန်​ချင်​ဘူး... မင်းနဲ့ ​နေချင်​တယ်​'

'ငါက မင်းနဲ့ မ​နေချင်​ဘူး'

jongin ရဲ့ စကားတိုင်းက ပြတ်​သား​နေခဲ့တယ်​။ သူက တကယ်​​တော့ ​ကြောက်​စရာပဲ။

'ငါ့ကို ဘယ်​လိုသ​ဘောထားမျိုးမှ ထားမ​ပေးနိုင်​ဘူးလား... ငါ မင်းကို မ​နှောင့်​ယှက်​ဘူး​လေ... ခံစားချက်​ကို ငါလည်း တားလို့မှ မရတာ... မင်း​နောက်​ကို လိုက်​​နေရတာကိုက ငါ့​ပျော်​ရွှင်​မှုပဲ... ငါက မင်းအနားပဲ ​နေချင်​​နေတာ'

sehun က မရပ်​မနား စကား​တွေ​ပြောလိုက်​​ပေမဲ့ jongin က ငဲ့​စောင်း​တောင်​ မကြည့်​ဘူး။

'ငါ ဘာကိုမှ စိတ်​ပျက်​မှာ မဟုတ်​လို့ ငါ့ကို စကား​လေးပဲ ပြန်​​ပြောပါလား... ရလဒ်​အကုန်​ ငါ ခံယူမှာမို့ ငါတို့ ရင်းနှီးကြရ​အောင်​'

'အရင်​ဆုံး မင်းဘာဖြစ်​ချင်​သလဲဆိုတာကို မင်းကိုယ်​တိုင်​​ရော သိရဲ့လား... အဲဒါသိမှ ငါတို့ စကားဆက်​​ပြောကြမယ်​​လေ'

jongin က ပြတ်ပြတ်သားသား​​ဆိုကာ sehun ကို​ ​ကျောခိုင်းလိုက်​တယ်​။ သူက သူ့အခန်းဆီ တက်​ဖို့ ပြင်​​တယ်​။

'ငါက မင်းကို ပိုင်​ချင်​တာ'

jongin ရဲ့ လှုပ်​ရှားမှု​တွေ ​ခေတ္တခဏ​​လေး​တော့ ရပ်​တန့်​သွားတယ်​။

TBC ~




FALSEWhere stories live. Discover now