အချစ်တွေဟာ လေဟာနယ်သိပ်ဆန်တယ်။
ခဗျားကျွန်တော့်ကို သိပ်ချစ်ခဲ့ဖူးတဲ့အကြောင်း
ဆုပ်ကိုင်ပြီးလိုက်ကြွားချင်လိုက်တာ။
ဆုပ်ကိုင်လေလွတ်ထွက်လေ လေဟာနယ်တစ်ခုကတောင်
အထိအတွေ့ဆိုတဲ့ အရာတစ်ခုပေးနိုင်သေးတယ်။
ခဗျားဆိုတဲ့ ရုပ်ဝတ္ထုက ဖမ်းဆုပ်လိုက်တိုင်း
လေဟာနယ်တစ်ခုအဖြစ် မပေးနိုင်လောက်အောင်
ပျောက်ကွယ်သွားလိုက်တာ။