တိုက်ကုန်ကြပြီ/ တိုက်ကုန်ကြပြီ

17.1K 469 21
                                    

Zawgyi ver:

နေးဂိုဏ်းချုပ် နေးမင်ဂျွဲနှင့် ဂျင်းဂိုဏ်းချုပ် ဂျင်းကွမ်ရောင်တို့ နှစ်ဦး၏ ရုပ်အလောင်းများကို ချိတ်ပိတ်စီမံထားရာ တောင်ကပုတွင်ဖြစ်သည်။

အညိုးအတေးစွမ်းအားကြီးမားလွန်းသဖြင့် တစ်မိုင်ပတ်လည် မည်သည့်အပင်မှမပေါက်ရောက် နိုင်ပေ။

မြေအဆင်းသည်လည်း မဲနက်လျက်ရှိသည်။
ထိတ်လန့်ဖွယ်အတိ။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က မြေအောက် နက်နက်တွင် တည်ရှိနေသည့် အလောင်းနှစ်ဖော်၏ တိုက်ပွဲပင်...။

" ခင်ဗျားကြီး ကျနော့်လည်ပင်းကိုလွှတ် ~"

ဂျင်းကွမ်ရောင်၏ အော်သံပြာပြာက နှစ်ဖော်အလောင်း တို့ တည်ရှိရာ အိမ်ဂေဟာကျဉ်းကျဉ်းတွင် ညံစီနေ သည်။

ဂျင်းကွမ်ရောင်၏ လက်တံတိုတစ်ဖက်က မိမိ၏လည်ပင်းအား ဖျစ်ညစ်နေသည့် နေးမင်ဂျွဲ၏ သန်မာသောလက်ဖျံအား ထုရိုက်နေ၏။

လက်တံတိုတစ်ဖက် ဟုသာဆိုခြင်းသည် မယ်တော်နတ်ကွန်းတိုက်ပွဲတွင် ဟန်ကွမ်ကျွင်း၏ ဘီချန်ဖြင့် ဂျင်းကွမ်ရောင်၏ လက်တစ်ဖက်အား လက်ကောက်ဝတ်မှစကာ တိတိပပဆုံးရှုံးခဲ့ခြင်း ကြောင့်ပင်။

ထိုင်၍ ထ၍ရသည့် အနေအထားမဟုတ်သဖြင့် နှစ်ဖော်သား ဘေးချင်းယှဉ် မျက်နှာချင်းဆိုင် လှဲအိပ်နေရသည့်အနေအထား...။

နေရာပိုမရှိသည့် အခေါင်းကျဉ်းကျပ်ထဲ သတ်ပုတ်ရ သည်မှာ လွယ်ကူသက်သာလှသည်တော့မဟုတ်။

သေဆုံးပြီးသား အလောင်းနှစ်ဖော်ဖြစ်နေ၍သာ ဖွတ်ဖွတ်ညက်ညက်ကျေ၍ သေဆုံးမည်ကို စိုးရိမ်စရာ မလိုခြင်း။

နေးမင်းဂျွဲသည် ဂျင်းကွမ်ရောင်၏ လည်ပင်းကျိုးကျသံ ဂျွတ်ကနဲမြည်ကာမှ သူ၏လက်ကိုရုတ်သိမ်းလိုက် သည်။

ထို့နောက် အသာလေးငြိမ်သွားပါ၏။

ဂျင်းကွမ်းရောင်မှာ ပြုတ်ထွက်သွားသည့်ခေါင်းအား အဆင်ပြေအောင် ပြန်တပ်ဖို့ကြိုးစားနေရ၏။

ဂျင်းကွမ်ရောင်၏ ခေါင်းတပ်ခြင်းအမှုမပြီးပြတ်သေးမီ နေးမင်းဂျွဲမှာ တစ်စခန်းထပြန်သည်။

Mo Dao Zu Shi (Comedy)Where stories live. Discover now