Zawgyi
သချိုင်းဟောင်းတစ်ခု၏ ညဥ့်ဦးယံ အချိန်အခါ သမယ...။
တိတ်ဆိတ်ခြင်းက ကြီးစိုးလျက်ရှိပြီး ခြိုးခြိုးချွတ်ချွတ် အသံပင် အလျဉ်းမရှိ။
အေးစက်စက်လေထုကြောင့် ပတ်ဝန်းကျင်က ပိုမို ခြောက်ခြားစေသယောင်...။
ထိုအခိုက် သချိုင်းအစပ် သစ်ပင်ကြီးတစ်ပင်မှ
♪ ♬ ပုလွေသံစူးစူးတစ်ချက် ထွက်ပေါ်လာ၏။ထိုပလွေသံသည်က အမိန့်ပေး ခိုင်းစေသည့် အာဏာရှင်ဆန်ဆန် အမိန့်တစ်ခွန်းဖြစ်လေသည်။
" လာလော့....! ငါ အခေါ်ရှိတယ်။ သင်တို့ နိုးထကြ လော့!။
ပလွေပိုင်ရှင်၏ ဆင့်ခေါ်ခြင်းခံလိုက်ရသည့် ဖုတ်သရဲ များသည် ၄င်းတို့၏ မြေပုံများအား တွန်းထိုး ချိုးဖဲ့ လိုက်ကြပြီး ပလွေရှင်ထံသို့ တစ်လှမ်းခြင်း လျှောက်လှမ်းလာနေကြသည်။
ခြေလက်မပြည့်စုံတော့သည့် ဖုတ်သရဲများက တွားသွားလျက် .....သူ၏ရှေ့သို့။
သူ့ရှေ့ရောက်သည်နှင့် ဖုတ်သရဲများသည် ချိုင့်ခွက် နေသည့် မျက်လုံးများဖြင့် ပေးအပ်လာမည့်အမိန့်အား ငမ့်လင့်နေလေ၏။
ထိုဖုတ်သရဲများထဲတွင် မကြာခင်ကမှ ကြွေလွင့်ခဲ့ သည့် ခပ်ချောချောအမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်လေ၏။ သူသည် ဖုတ်သရဲအုပ်စု၏ရှေ့ဆုံးမှ လှလှပပကြီး ဖြစ်လေ၏။
ထိုစဉ် အဖြူထည်တစ်လွှာသည် ကောင်းကင်ယံမှ ပျံဆင်းလာကာ ဗျက်စောင်းသံတစ်ချက် ခြိမ့်နင်လေ ၏။
ဗျက်စောင်းသံ၏ အမိန့်သည်က .....
" ရပ်စမ်း...။ ရှေ့ဆက်မတိုးနဲ့..."
ဗျက်စောင်းသံကြောင့် ဖုတ်သရဲအုပ်စုမှာ နားများအား
ဖိပိတ်ကာ သုံးလှမ်းခန့် နောက်ဆုတ်လိုက်ကြ၏။ဗျက်စောင်းပိုင်ရှင်၏ စူးရဲသည့်အကြည့်ကြောင့် ဖုတ်သရဲများမှာ တုတ်တုတ်ပင်မလုပ်ရဲပေ။
ပလွေပိုင်ရှင်ထံမှ ရယ်သံလွင်လွင် ထွက်ကျလာလေ ၏။
"ဟဟ ..လန်ကျန့်...မင်းရောက်ပြီလား "
KAMU SEDANG MEMBACA
Mo Dao Zu Shi (Comedy)
Fiksi PenggemarMDZS Fanfiction (စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်) {စိတ်ကူးယဉ် သက်သက်မျှသာဖြစ်သည်}