Unicode
At airfield.......
လေယာဉ်ပေါ်ကနေ
စမက်ကျစွာ ဆင်းလာသောသူဟာ
မိုးမိတ်ရဲ့ အခင်ဆုံးသူငယ်ချင်း
မင်းကမ္ဘာမောင်ပင်"Hello''
မိုးမိတ်ကိုပြေးဖက်လိုက်သည့် မင်းကမ္ဘာ
"ကိုယ်မင်းကိုလွမ်းနေတာ
I missed you very more ''စကားသံခပ်ဝဲဝဲလေးကြောင့်
မိုးမိတ်ပြုံးမိသည်
ကမ္ဘာဆိုသည်မှာ ကပြားတစ်ယောက်ဖြစ်ပြီး
အမေရိကန်မှာဘဲကြီးပြင်းခဲ့သူ
မိုးမိတ်နဲ့စတွေ့ခါစက
စိတ်ဒဏ်ရာများနဲ့မိုးမိတ်ကို
လူကောင်းပကတိဖြစ်အောင်ကြိုးစားကူညီခဲ့သူ
ကမ္ဘာရဲ့အဖေသည် အမေရိကန်နိုင်ငံသား
မိုးမိတ်တို့စခန်းရဲ့နည်းပြဆရာပင်
ကမ္ဘာကငယ်ငယ်ကတည်းကအမေမရှိတော့
အဖေနဲ့သာနေခဲ့ရပေမယ့်
မေတ္တာမရခဲ့ပါ
အမေနဲ့ပတ်သတ်တာဆိုသည်မှာလဲ
မင်းကမ္ဘာမောင် ဆိုသည့်နာမည်တစ်လုံးသာ
အမေပေးခဲ့သည်ဟုသိရသည်
မိုးမိတ်တို့နဲ့တွေ့ဆုံပြီး
မိခင်စကားကိုအတော်အသင့်
ပြောနိုင်ခဲ့သည်
ယခုတော့သူမပြောတတ်တာမရှိသလောက်
အကုန်ပြောတတ်နေပြီလေ"မင်းပိန်သွားတယ်''
"အင်း မင်းကိုလွမ်းလို့လေ''
ကမ္ဘာစကားကိုကြားရတော့
မိုးမိတ်ပြုံးမိသည်"မင်းလဲ ပြုံးတာများလာတယ်နော်''
မိုးမိတ်အေးစက်တဲ့အမူရာနဲ့စိုက်ကြည့်လိုက်တော့ကမ္ဘာလက်မြှောက်ကာ
"Ok ok အဲဒါမပြောဘူးလို့သာမှတ်လိုက်"ဟုတ်ပါတယ်
ကျွန်တော့ဘဝမှာရန်ငြိုးတွေအမုန်းတွေနဲ့သာ
ကျင်လည်နေခဲ့ရတော့
ပျော်စရာဆိုတာဘာမှန်းမသိ
ပြုံးတာရယ်တာဆိုတာဟန်ဆောင်မှုတစ်ခုရဲ့
ပြရုပ်လိုပင်အစစ်အမှန်ဆိုတာ
ရှားပါးလှသည်
မိုးမိတ်သက်ပြင်းလေးဖြည်းညှင်းစွာချရင်း"ကမ္ဘာငါတို့ဒီနေ့သွေးပူလေ့ကျင့်ခန်းလေးဆိုဘယ်လိုလဲ"
မိုးမိတ်စကားဆုံးတော့
ကမ္ဘာပြုံးကာ"လုပ်လိုက်လေ ကြာသလားလို့"
"Okလေ အခုတော့ငါတို့ပြန်ရအောင်
မင်းညီမကမင်းကိုမှာလိုက်တာတွေရှိတယ်''
VOCÊ ESTÁ LENDO
ရန်ငြိုးကြားကချစ်မေတ္တာ (ခေတ္တရပ်နား 🙏🙏)
Romanceရန်ငြိုးကြားကချစ်မေတ္တာ Fic လေးက April ရဲ့ဒုတိယမြောက်Ficလေးပါ ဒီFicကလေးမှာလူငယ်တွေကြားက အချစ် ၊အမုန်း ၊အလွမ်း၊ သစ္စာ၊မေတ္တာ၊အတ္တ၊မာန်မာန ရန်ငြှိုးတွေကို ရသပေါင်းစုံ ဘက်ပေါင်းစုံကနေ တွေ့မြင်ရမှာပါ