Zawgyi Version
အဖြူရောင် တိမ်စိုင်လေးတွေ
တိုးဝှေ့လာတဲ့ လေပြည်ညင်းလေး
ကမ္ဘာလောကကြီးနဲ့ ဝေးရာကို ရောက်နေသလိုလိုဟိုးးးထောင့်စွန်းတစ်နေရာမှာ ပုပုလုံးလုံးလေးနဲ့ ကလေးသဏ္ဌာန်ပုံရိပ်လေးတစ်ခု
ကျွန်တော်အဲ့ပုံရိပ်လေးဆီတစ်ဖြည်းဖြည်းနီးကပ်လာတယ်
ဝေဝါးနေပေမယ့် မြင်ဖူးနေသလိုပဲရုတ်တရက်.......
အမြင်အာရုံတို့က ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်
အဖြူရောင်တိမ်တိုက်တို့က မည်းမှောင်လာတယ်
လေပြည်ညင်းတို့က ရုတ်ရင်းဆန်ခတ်ဖြစ်လာတယ်
ကျွန်တော့်ပုံရိပ်လေးလည်း ထင်ရှားလာတယ်
အဲ့တာ....အဲ့တာ ဟိုကလေးး
သူရပ်နေတာက အစွန်းကြီးး
တိုက်အစွန်းကြီးမှာ ရပ်ပြီး ကလေးက ဘာလုပ်နေတာလဲ???
မျက်ဝန်းအစုံမှာလည်း မျက်ရည်စတွေနဲ့"ခင်ဗျားကြီးလဲ ကျွန်တော့်ကို ထားသွားမှာမလား"
ကလေး ဘာတွေပြောနေတာလဲ
"ပါးပါးနဲ့ မားမားရော ကိုကိုရော ထားသွားတာ ဘဘကလည်း ထားခဲ့တော့မှာ ခင်ဗျားကြီးလည်း ကျွန်တော့်ကို ထားခဲ့မှာပဲမလား"
"မဟုတ်ဘူးလေ ကလေး မထားခဲ့ပါဘူး ဘာလို့ထားခဲ့ရမှာလဲ
အဲ့အစွန်းကြီးနားမှာမနေနဲ့နော် ကိုယ်လာခဲ့မယ်နော် ကလေး"
ကျွန်တော် သူ့ဆီအမြန်သွားရင်း အော်ပြောမိတယ်"မယုံဘူးး အဲ့လို ပြောပြီး အကုန်ထားသွားကြတာပဲ ကျွန်တော်ပဲ ကျန်ခဲ့ရမှာ အဲ့လိုကြီးမကျန်ခဲ့ချင်တော့ဘူး အဲ့တော့နောက်ထပ်ထားမသွားအောင် ကျွန်တော်ပဲ အရင်သွားမယ် "
ခြေလှမ်းအစုံက လေထဲသို့"ကလေးးးးးး"
ကျွန်တော် ကလေးကို လှမ်းဖက်လိုက်ပေမယ့် မမီတော့
ကျွန်တော်ပါ လေထဲသို့ မြေပြင်ဆီသို့..........
.
.
.
.
.
.
.
.
.
.
.
ဘုတ်!!!!!!!
"အားးးးးးး"
မျက်လုံးလည်း ဖွင့်ကြည့်လိုက်ရော
ကျွန်တော်Yoongiလေး ဟာ စောင်ထဲမှာလုံးထွေးပြီး ကုတင်အောက်မှာ....
အာ အိပ်မက်ပဲ!
~~~~~~~~~~~~~~~~~~~~~
အကယ်၍သာ ထိုအိပ်မက်ထဲက ကလေး၏ပြောစကားများသည် မှန်ကန်နေခဲ့သည်ဆိုတာကိုသာ Yoongi သိခဲ့ပါလျှင် သူကိုယ်တိုင်ထားသွားရန်ဆိုသည်မှာ......
~~~~~~~~~~~~~~~~~~~~~~
ESTÁS LEYENDO
ခင်ဗျားလေး နဲ့ ကိုယ် ခင်ဗျားကြီး နဲ့ ကျွန်တော် ......... ခင်ဗျားလေး န
De Todo"ခင်ဗျားကြီး''လို့ "ဘာ! 'ခင်ဗျားကြီး' ရအောင် မင်းနဲ့ငါနဲ့က ဘယ်လောက်ကွာနေလို့လဲ?'' ''ဗျာ? အရပ်လား" O_O "မင်းး!!!!" "ခင်ဗျားကြီး''လို့ "ဘာ! 'ခင်ဗျားကြီး' ရအောင် မင်းနဲ့ငါနဲ့က ဘယ်လောက်ကွာနေလို့လဲ?'' ''ဗျာ? အရပ်လား" O_O "မင်းး!!!!" #Yoonmin #Yaoi #Jimin...