အပိုင်း(၁)

1.4K 79 0
                                    

မနက်ခင်းနေကို ခပ်ရိပ်ရိပ်မြင်လိုက်ပြီဆိုတာနဲ့ အိမ်ကကြက်ဖကြီးကတော့ အောက် အီး အီး အွတ် ဆိုပြီး သူတာဝန်တိုင်းအချက်ပေးလေသည်။ကြက်ဖကြီးကလည်း သူတာဝန်သူကျေသလို ထွန်းမင်းလည်းထရမည်မို့ ဆံပင်တွေကိုဖွပြီးကုတင်ပေါ်မှာထိုင်နေသည်။ပျင်းကြောဆွဲပြီး ငူငူငိုင်င်ိုင်လုပ်နေတုန်း စိတ်ကဒိုင်းကနဲအရေးကြီးကိစ္စကိုသတိရလာပြီး

"ဟာ ဒီနေ့ အိမ်ကိုဧည့်သည်လာမှာလေ သေပါပြီ။အယ်လိုမှန်းသိ ၄နာရီမှာထပါတယ်။"

တိုင်ကပ်နာရီကိုလှမ်းကြည်လိုက်တော့ မနက်၅နာရီခန့်ရှိနေ
ပြီ။အချိန်ဆွဲလိုမရတော့သည်မို့ ကမန်းကတန်းပင် အိမ်အောက်ကိုပြေးဆင်း ကိုယ်လက်သန့်စင်ရေးအမြန်လုပ်တော့သည်။
အိမ်နောက်ဖေးမှာလျှော်ထားတယ် ခြင်ထောင်လည်း ခြောက်လောက်ပြီထင်ပါ။

ဤနှစ်ထပ်ဆောင်သစ်သားအိမ်မှာ ဦးအောင်ကြီး နဲ့ ဒေါ်ခင် ဇင်းမိုးဆိုတယ်ဘိုးဘွားလင်မယားနှစ်ဦးနေကြသည်။အသက်ကြီးရင့်နေပြီးဖြစ်သဖြင့် ကျွန်တော်ကိုနေစရာနဲဲ့ ငွေအနည်း ငယ်ပေးပြီး တောက်တိုမဲရာလေးတွေခိုင်းဖို့ခေါ်ထားခြင်းဖြစ်သည်။ဒါဟာမဟာအခွင့်အရေးဖြစ်ခဲ့တယ်ဗျာ ဘာလိုလည်းဆို တော့ အရင်ကျွန်တော်ကခြေသလုံးအိမ်တိုင်ဖြစ်သည်ကို။

မနေ့ကလျှော်ထားတယ် ခြင်ထောင် အိပ်ရာခင်း စောင်ထည် တွေကိုလက်နဲဲပွေ့သယ်ပြီိးအိမ်အပေါ်ထပ်ကို ထွန်းမင်းတက်သွားသည်။အိမ်မှာလာနေမယ် ဧည့်သည်အတွက်ဝေယာဝိစ္စ တွေပြင်ဆင်ရင်း တစ်နာရီခန့်ကြာသွားတယ်။အလုပ်တစ်ခု
ပြီးပြီမို့ လက်ခုံနှင့်ချွေးတွေကိုသုတ်လိုက်ပြီး အောက်ထပ်ကိုဆင်းမယ်လုပ်တော့။

"ငထွန်းမင်း အဲ့စောက်ကြီးစောက်ကျယ်လေးအတွက်ပဲ လုပ်မနေနဲ့။ငါတို့အတွက်လည်း မနက်စာသွားဝယ်ဦး နေတောင်မြင့်တော့မယ်ဟာ။"

ခါးကြားပိုက်ဆံနှစ်ရာတန်သုံးရွက်ညှက်ပြီး ရွာထိပ်ဆီကိုပြေးလေတယ်။ပဲပြုပ်နှစ်ရာဖိုး နံပြားလေးချပ် ပြီးတော့ ဟိုဧည့်သည်အတွက် ဂွတ်မောနင်းပေါင်မုန့်တစ်ထုတ်ဝယ်ရန်ကြံထားလိုက်သည်။

အိမ်မက်တစ်ခု ပြဇာတ်တစ်ပုဒ်Where stories live. Discover now