[4]Myoui Mina

362 19 7
                                    

Myoui Minaသို့မဟုတ် ကြယ်တစ်ပွင့်ဆီသို့ တမ်းချင်း......💕

မင်္ဂလာပါ အမ...။အမမသိနိုင်ပေမဲ့ အမကိုပြောချင်တဲ့စကားတွေကို ဒီပို့စ်ကနေတစ်ဆင့်ညီမပြောပါရစေ...။နားထောင်မပေးနိုင်သော်ငြား ပြောချင်တဲ့စကားတွေကိုတော့ အလေးအနက်ထားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...။အမသာသိခဲ့ရင်ပေါ့...။

နေကောင်းရဲ့လားအမ..။ကျန်းမာရေးဂရုစိုက်ပါ...။အဲ့လိုသာပြောရတာ အမရဲ့ကျန်းမာရေးအခြေအနေကိုလဲ ညီမသိနေသားပဲ..။

အလုပ်အရမ်းကြိုးစားတဲ့အမက တခါတလေမှာ ခေါင်းသိပ်မာတယ်..။
ကိုယ့်ကိုယ့်ကိုအထိအခိုက်ခံပြီးတော့ အခြားသူတွေရဲ့အပြုံးကို ဆောင်ကြဉ်းပေးသူမျိုး...။ဒဏ်ရာရနေပါတယ်ဆိုတာကို စိတ်ပူကြမှာစိုးရိမ်လို့ဆိုတဲ့ခေါင်းစဉ်အောက်က စကားတစ်ခွန်းထဲနဲ့
ကန့်လန့်ကာချပစ်လိုက်တာမျိုး...။

ခြေထောက်ကအရမ်းနာနေလားအမ..။လှုပ်ရှားသွားလာလို့ရော အဆင်ပြေရဲ့လား...။ညီမတို့နှစ်သက်တဲ့အသံသေးသေးလေးပိုင်ရှင် ဖြစ်တဲ့အမက အခုလိုနာကျင်နေတဲ့အချိန် အဲ့ဒီအသံလေးနဲ့ပဲ ညည်းညူနေမလား...။အမအကျင့်အတိုင်း အိပ်ယာပေါ်မှာဘဲ ငြိမ်ငြိမ်လေးအနားယူပါနော်..။လှုပ်လိုက်တိုင်း အမအသည်းခိုက်အောင်  နာကျင်နေမှာကို မမြင်ရက်လို့..။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကဖြစ်ခဲ့တဲ့ဒဏ်ရာက အခုထိမပျောက်သေးဘူးတဲ့လား...။တောင်းပန်ပါတယ်အမ..။အမအရမ်းနာကျင်နေတာကိုမသိဘဲ Powerful Danceတွေ ဖျော်ဖြေပေးဖို့ တစ်ကိုယ်ကောင်းဆန်ပြီး တောင်းဆိုခဲ့မိလို့..။

အမရဲ့အကကြောင့် ညီမတို့Onceတွေပျော်နေတဲ့အခါ အမနှုတ်ခမ်းမှာ အပြုံးလေးတစ်ခုက အမြဲစွဲထင်နေတယ်..။
အဲ့ဒီအပြုံးက ခပ်ယဲ့ယဲ့လေး...။

အမရဲ့သေးသွယ်ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးကို ကိုင်းညွတ်ပြီးကတဲ့အခါ ညီမတို့တွေ အားပေးကြတယ်...။သွယ်ပြောင်းလှပတဲ့အမရဲ့ ခြေတံလေးတွေလေထဲမှာဝဲသွားချိန်မှာ ညီမတို့ဂုဏ်ယူမှုနဲ့အတူ ပျော်ကြတယ်...။အမရဲ့ကကွက်တွေကို ကြည့်ပါများလို့ အလွတ်တောင်ရနေကြပြီ...။

Untitled Feelings For TWICEWhere stories live. Discover now